Jump to content
pvelay
Administrators
  • Content count
    22
  • Joined
  • Last visited
  • Days Won
    3
pvelay last won the day on September 24
pvelay had the most liked content!
Community Reputation
3 Neutral
Recent Profile Visitors
The recent visitors block is disabled and is not being shown to other users.
  1. The Lich King (Arthas Menethil) အပိုင်း ၁ Lich King ဆိုသည်မှာ Scourge (အရိုးစု) Undead တွေအပေါ် စိတ်အလိုအတိုင်းစေခိုင်း စေစားနိုင်သည့် ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့ကို Lord of Scourge Army လို့လဲခေါ်ကြပါတယ်။ Lich King ဟာ Icecrown နယ်မြေက ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ Frozen Throne လို့လူသိများတဲ့ ရေခဲပလ္လင်ကြီးပေါ်ကနေ သူ့ရဲ့ Scourge တွေကို အမိန့်ပေးစေခိုင်းနေသူပါ။ Lich King ကို Dark Titan Sargeras ရဲ့တပည့်ဖြစ်တဲ့ Legionlord Kil'jaeden က Orc Shaman Ner'zhul ရဲ့ ဝိဥာည်ကိုအသုံးပြုပြီးဖန်တီးခဲ့တာပါ။ထို့ကြောင့် Ner'zhul ကို ပထမဦးဆုံး Lich King လို့ပြောလို့ရပါတယ်။ Kil'jaeden ရဲ့မူလရည်ရွယ်ချက်က undead army ကိုအသုံးချပြီး Legion အတွက် Azeroth ကိုတိုက်ခိုက်စေချင်တာပါ။ ဒါပေမဲ့ Lich King ဟာ Frostmourne sword နဲ့ထောင်ခြောက်ဆင်ပြီး Arthas Menethil ကို Death Knight အဖြစ်ဖန်တီးကာ Kil'jaeden ကိုသစ္စာဖောက်ဖို့ကြံစည်ခဲ့ပါတယ်။ Arthas နဲ့ Lich King Ner'zhul ရဲ့ဝိဥာဉ် ဟာ ပူးပေါင်းပြီးနောက်ပိုင်းမှာ Icecrown ရဲ့အရှင်သခင် Lich King ဟာ Arthas ဖြစ်လာခဲ့ပါတယ်။ Frostmourne ဓားကျိုးပျက်၍ Lich King Arthas သေဆုံးပြီးသည့်နောက်မှာတော့ တစ်ချိန်က Fordragon Hold ရဲ့ ခေါင်းဆောင် Highlord of Alliance ဖြစ်ခဲ့ဖူးတဲ့ Bolvar Fordragon က Lich King ရဲ့စွမ်းအားတွေကိုဆက်ခံကာ Frozen Throne မှာ Scourge တွေရဲ့အရှင်သခင်အဖြစ်ကိုဆက်ခံလိုက်ပါတော့တယ်။ Prince Arthas Lich King တွေထဲကမှ Arthas ဟာစွမ်းအားအကြီးဆုံး Lich King ပါ။ Lich King မဖြစ်ခင် Lich King Ner'zhul ရဲ့ ပထမဦးဆုံး Death Knight ဖြစ်လာခဲ့ပြီး ထိုစဉ်ကတည်းက သူမတူအောင်စွမ်းအားကြီးပြီး Azeroth တစ်ခွင်ဖိန့်ဖိန့်တုန်အောင်ကြောက်ရွံခြင်းခံခဲ့ရတာပါ။ မင်းသား Arthas Menethil ကို Lordaeron ဘုရင် Terenas Menethil ll နဲ့ မိဖုရား Lianne Menethil တို့က first war မတိုင်ခင် ၄နှစ်လောက်အလိုမှာမွေးခဲ့တာပါ။ Arthas ဟာ Azeroth ကိုစစ်ပွဲတွေက ဝါးမြိုနေတဲ့အချိန်အတွင်းမှမွေးဖွားခဲ့တာဖြစ်ပြီးငယ်စဉ်က lordaeron မှာလာရောက်ခိုလှုံနေတဲ့ Stromwind မင်းသား Varian Wrynn နဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ငယ်စဉ်က Dwarf ဘုရင် Magni Bronzebeard ရဲ့ညီ Muradin Bronzebeard ရဲ့သင်ကြားပြသမှုတွေကြောင့် ထူးချွန်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အသက် ၁၉နှစ်အရွယ်မှာ Uther the Lightbringer ထံမှာ ဆက်လက်ပညာဆည်းပူးခဲ့ပြီး Knights of the Silver Hand အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ဝင်အဖြစ်လက်ခံသည့်ပွဲကို Stormwind City ရဲ့ Cathedral of Light မှာပြုလုပ်ခဲ့ပြီး ထိုပွဲမှာပဲ Light's Vengeance လို့ခေါ်တဲ့ holy mace ကိုအပ်နှင်းခြင်းခံရပါတယ်။ Arthas ဟာ စစ်သားတစ်ယောက်ဖြစ်လာချိန်ထိ ခေါင်းမာပြီး ကမူးကရူးထိုးလုပ်တတ်တဲ့အကျင့်ရှိသူပါ။ တိုက်ပွဲများစွာတိုက်ခိုက်ရင်းမှာပဲ Arthas ဟာ Daelin Proudmoore ရဲ့အငယ်ဆုံးသမီး မှော်ဆရာမလေး Jaina နဲ့တွေ့ဆုံခဲ့ပါတယ်။ ထိုနှစ်အတောအတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ Rometic ဆန်တဲ့ ဇာတ်လမ်းတွေဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အင်မတန်ချစ်မြတ်နိုးကြသူတွေပါ။ ထိုအတောအတွင်းမှာပဲ သူတို့နှစ်ဦးဟာ အတူတကွလက်တွဲဖို့ ကြံစည်ခဲ့ကြပေမဲ့ အခြေနေအချို့ကြောင့် အချစ်ဇာတ်လမ်းတစ်ခန်းရပ်ခဲ့ရပါတယ်။ Jaina က မှော်ပညာတွေဆက်လက်လေ့လာဖို့အတွက် Dalaran ကိုထွက်သွားခဲ့ပြီး Arthas သည်လဲ Lordaeron ကိုပြန်ခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး အချစ်ဇာတ်လမ်းပြန်စခဲ့ကြပေမဲ့ ကံမကောင်းစွာပဲ ထိုအချိန်ဟာ Scourge စစ်တပ်ကြီး ကျူးကျော်မှု စတင်နေတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ထိုအကြောင်းအရာက သူတို့ နှစ်ဦး၏ဘဝကို ထာဝရ ဝေးကွာစေခဲ့လိမ့်မည်ဆိုတာ ထိုစဉ်က သူတို့တကယ်မသိခဲ့ကြတာပါ။ The Lich King (Arthas Menethil) အပိုင်း ၂ Lordaeron အတွက် ကြမ္မာဆိုးတွေကတော့ ထူးဆန်းတဲ့ ပလိပ်ရောဂါအဖြစ် ဝင်ရောက်လို့လာခဲ့ပါပြီ Arthas နဲ့ Uther ဟာ Strahnbrad town ကိုသွားရောက်ခဲ့ပြီး Internment Camp ကလွတ်မြောက်လာတဲ့ orc တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ ငယ်ရွယ်လှတဲ့ မင်းသား Arthas ဟာ black drake Searinox ကိုအနိုင်ယူနိုင်ခဲ့ပြီး ထိုနဂါးရဲ့ နှလုံးသားကို Dwraf Dragon Hunter Feranor Steeltoe ဆီယူဆောင်ပြီး မီးနဲ့ပြုလုပ်တဲ့ မှော်ပစ္စည်းအဆောင်တစ်ခုအဖြစ်ပြုလုပ်ခဲ့ပါတယ်။ ထိုမှော်အဆောင် ကိုအသုံးပြုပြီး Arthas ဟာ Blackrock မျိုးနွယ်ရဲ့ဓားဘုရင် ဦးဆောင်တဲ့ Orc raid ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ Blackrock Clan ဆိုသည်မှာ First war အတွင်းက Gul'dan ရဲ့တပည့် Blackham ဦးဆောင်တဲ့မျိုးနွယ်ဖြစ်ပြီး Horde မှာအာဏာအပြင်းဆုံးအဖွဲ့လဲဖြစ်ပါတယ်။ ထိုသို့အနိုင်ယူနိုင်ခဲ့သော်လဲ Lordaeron ရဲ့ ခြောက်ခြားဖွယ် Undead ပလိပ်ရောဂါဟာ ပပျောက်သွားခြင်းမရှိပဲပို၍အခြေနေဆိုးလာခဲ့ပါတယ်။ ထို့ကြောင့် Jaina နှင့် Captain Falric တို့ဟာ ပလိပ်ရောဂါအတွက် အဖြေရှာဖို့ Arthas နဲ့ လာရောက်ပူးပေါင်းကြပါတယ်။ ထိုအချိန်မှာ မင်းသား Arthasဟာအသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်သည်။ Arthas တို့အဖွဲ့ဟာ ပလိပ်ရောဂါပြန့်နှံနေတဲ့ နယ်မြေထဲမှာ Undead တွေနဲ့ အကြိမ်ကြိမ် အနီးကပ်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ Tirisfal Glade က Brill မြို့ (ယခု undercity အဖွဲ့၏ brill ရွာ) အနားမှာ necromancer Kel'Thuzad နဲ့ ရင်ဆိုင်တွေ့ခဲ့ကြပြီး Andorhal အထိမျှားခေါ်ခဲ့ကြပါတယ်။ Andorhal မှာရှိတဲ့ ဂျုံနဲ့စားနပ်ရိက္ခာတွေဟာ အဆိပ်ကဲ့သို့ ရောဂါပိုးတစ်မျိုး ပျံ့နှံ့နေခဲ့ပြီး ယခင်ကတည်းက ထိုရိက္ခာတွေဟာ မြို့ပြင်က လူသူကင်းမဲ့လျက်ရှိတဲ့ ရွာနီးခြောက်စပ် တွေမှာပြန့်ကျဲလျက်ရှိနှင့်ခဲ့ပြီးဖြစ်သည်။ Kel'Thuzad နဲ့ တပ်ဖွဲ့တွေဟာ ထိုရောဂါမျိုးကူးစက်ခံစားရပြီး ခွန်အားချိနဲ့နေစဉ် Arthas က Kel'Thuzad ကိုအနိုင်ယူနိုင်လိုက်ပါတော့တယ်။ Kel'Thuzad ဟာမသေခင် မှာ Scourge တပ်ရဲ့ခေါင်းဆောင် Nathrezimdemon ဖြစ်တဲ့ Mal'Ganis အကြောင်းပြောပြသွားခဲ့တဲ့အတွက် Jaina နဲ့ Arthas တို့ဟာ Mal'Ganis ကိုရင်ဆိုင်ဖို့အတွက် Stratholme City ကိုထွက်ခွာခဲ့ကြပါတယ်။ (Eastern Plague Land က SW မြို့ကြီးနဲ့တူတဲ့ Dun ပါ) Arthas နဲ့ Jaina တို့ဟာ Hearthglen Village မှာခဏတဖြုတ်နားဖို့ စီစဉ်ခဲ့ကြပေမဲ့ မမျှော်လင့်ပဲ ရွာနားချဉ်းကပ်လာတဲ့ undead တပ်တွေကြောင့် သူတို့ဟာအရေးပေါ်အခြေနေစီစဉ်ခဲ့ရပါတယ်။ (movie ထွက်ဖြစ်ရင်တော့အဲ့ဒီအခန်းမှာ Rometic ဆန်ဆန် ဖြစ်မလား ဘာညာဘာညာဆန်မလားမပြောတတ် 😛 ) Arthas က Jaina ကို Uther ဆီအမြန်သွားဖို့ပြောခဲ့ပြီး သူကိုယ်တိုင်ကတော့ ရွာငယ်လေးကခံတပ်ကိုကာကွယ်ရင်းကျန်ရစ်ခဲ့ပါတယ်။ ထိုသို့ကာကွယ်နေစဉ်မှာပဲ Arthas ဟာခြောက်ခြားဖွယ်ရာအဖြစ်အပျက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ တကယ်တော့ undead တွေဟာ သွေးဆာနေတဲ့လူသတ်သမားစစ်စစ်တွေမဟုတ်ကြပါဘူး ပလိပ်ရောဂါကြောင့် အပြစ်ကင်းတဲ့မြို့သားတွေဟာ ပုံစံပြောင်းလဲသွားပြီး ရူးသွပ်တဲ့ Undead Scourage တွေဖြစ်သွားရတာပါ။ Arthasရဲ့တပ်ဖွဲ့တွေဟာ အင်အားမမျှပေမဲ့ ကြံကြံခံကာ ခံတပ်ကိုကာကွယ်ရင်း ကျရှုံးလုဆဲဆဲမှာပဲ Uther တို့အဖွဲ့ရောက်ရှိလာခဲ့တာကြောင့် ရွာငယ်လေးကိုကာကွယ်နိုင်ခဲ့ကြပါတယ်။ Stratholme ကိုသွားနေစဉ်မှာပဲ Arthas သည် ထူးဆန်းတဲ့တမန်တော် Medivh နှင့်တွေ့ဆုံခဲ့ရလေသည်။ Medivh က Arthas အဖေ Terenas ကိုသတိပေးခဲ့သလိုပဲ Eastern Kingdom ကိုစွန့်ခွာဖို့နဲ့ Kalimdor မှာအခြေချဖို့ သတိပေးခဲ့ပြန်ပါတယ်။ Arthas ကငြင်းပယ်ပြီး ဒီနေရာမှာ သူ့ပြည်သူတွေများစွာရှိကြောင်း ဘယ်လိုအန္တရာယ်မျိုးပဲကျရောက်ပါစေ သူ့ပြည်သူတွေကို သူပစ်ထားခဲ့မှာမဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့လေသည်။ Jaina ကတော့ တမန်တော်ရဲ့အကြံပြုချက်မှာလက်ခံသင့်ကြောင်းတိုက်တွန်းပေမဲ့ Arthas ကလက်မခံပဲ Stratholme အရောက်ချီတက်ခဲ့ပါတော့တယ်။ Arthas နဲ့အဖွဲ့ဟာ Stratholme ကိုရောက်ချိန်မှာပဲ ရောဂါပိုးတွေဟာပြန့်နှင့်နေပြီး မြို့သားတွေဟာလဲ မကြာခင်မှာ undead zombie တွေအဖြစ်ပြောင်းလဲတော့မှာ ကိုတွေ့ရှိခဲ့ကြပါတယ်။ ထို့ကြောင့် Arthas ဟာ Uther နဲ့သူ့စစ်သည်တွေကို တစ်မြို့လုံးရှိသမျှရှင်းလင်းသုတ်သင်ဖို့ အမိန့်ပေးခဲ့လေသည်။ ထိုအခါ Uther မှာအလွန်အံ့အားသင့်သွားပြီး Arthas ရဲ့အမိန့်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမှုပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် Uther က ထိုအမိန့်မျိုးကို Arthas ဟာ မင်းသားတစ်ပါးအနေနှင့်မဟုတ်ပဲ ဘုရင်တစ်ပါးအနေဖြင့် အမိန့်ပေးလျှင်ပင် မိမိအနေဖြင့်လက်မခံနိုင်ဟု ယတိပြတ်ငြင်းဆိုခဲ့လေသည်။ ထိုငြင်းဆိုမှုကြောင့် Arthas က Uther ကိုသစ္စာဖောက်အဖြစ်ကြေငြာခဲ့ပြီး Knights of the Silver Hand အဖွဲ့နှင့်ပါလက်တွဲဖြုတ်ခဲ့ပါတယ်။ Arthas အတွက်အံ့အားသင့်စရာတစ်ခုက ချစ်သူဖြစ်တဲ့ Lady Jaina Proudmoore ကပါသူ့ရဲ့ အမိန့်ကိုဆန့်ကျင်ပြီး Uther နဲ့အတူနောက်ကြောင်းပြန်လှည့်ခဲ့တာပါ။ ထို့ကြောင့် မြောက်မြားစွာသောစစ်သားတွေဟာ Uther နဲ့ Jaina တို့နောက်လိုက်ပါသွားခဲ့ကြလေသည်။ Arthas နှင့်အတူလူယုံအချို့သာကျန်ရှိခဲ့ပြီး နောက်ဆုံးမှာ Stratholme မှရောဂါကူးစက်ခံရသူတွေကိုရှင်းလင်းပြီး မြို့ကိုပါမီးရှို့ဖျက်ဆီးလိုက်ကြပါတော့တယ်။ Stratholme ကမြို့သားတွေဟာ ကူးစက်ရောဂါ ခံစားနေရသည့်ကြားမှ Arthas တို့အဖွဲ့တွေရဲ့ ဓားသွားတွေအောက်မှာ အော်ဟစ်ငိုယိုနေကြရတဲ့အသံတွေဟာ Lordaeron ရဲ့ အရှေ့မြောက်နယ်မြေတစ်ခွင်လုံးပျံ့နှံ့လျက်ရှိပါတယ်။ ကြောက်မက်ဖွယ်ရာအော်ဟစ်သံတွေ အမျိုးသမီးတွေရဲ့ကယ်ပါယူပါအော်ငိုသံတွေ ကလေးငယ်တွေရဲ့ အော်ဟစ်သံတွေဟာ Arthas စစ်သည်တွေရဲ့ မြင်းခွာသံနဲ့ဓားချက်တွေအောက်မှာငြိမ်ကြသွားကြပါတော့တယ်။ Arthas ဟာ Stratholme ကလူတွေကိုမသတ်ခင်မှာ Mal'Ganis နဲ့တွေ့ခဲ့ပါတယ်။ Mal'Gains က သေအံ့ဆဲဆဲ ပလိပ်ရောဂါသည်တွေရဲ့ soul တွေကို Scourage Army အတွက်အသုံးချဖို့ရောက်နေတာဖြစ်ပါတယ်။ Mal'Gains ရဲ့လုပ်ရပ်တွေမပြီးမြောက်ခင်မှာပဲ Arthas က အကုန်လုံးကိုရှင်းလင်းပစ်ခဲ့ပြီး နောက်ဆုံးမှာတော့ Mal'Gains နဲ့ထိပ်တိုက်တွေ့ပါတော့တယ်။ Arthas ရဲ့ခြေကန်ချက်ကြောင့် Mal'Ganis ဟာဝေးရာသို့လွင့်စင်သွားခဲ့ပြီး Arthas ကိုနောက်တစ်ကြိမ်ထပ်မံတွေ့ဆုံဦးမည်ဟုကျိန်းဝါးကာ Northrend ကိုထွက်ပြေးခဲ့လေသည်။ Arthas နဲ့သူ့ရဲ့စစ်သည်တွေဟာ Mal'Ganis နောက်ကိုထပ်ခြပ်မကွာ လိုက်ခဲ့ကြပြီး တစ်လလောက်အကြာမှာတော့ Daggercap ပင်လယ်ကွေ့ကိုရောက်လာခဲ့ကြပါတယ်။ ထိုနေရာမှာသူတို့အတွက်သင့်တော်မဲ့ စခန်းတစ်ခုတည်ဆော့ဖို့ကြံပါတယ်။ နောက်ပြီး Northrend မှာရောက်နေတဲ့ ခြေသလုံးအိမ်တိုင် Dwarf တွေနဲ့ အထင်မှားပြီး တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပါသေးတယ်။ ၎င်း Dwarf တွေကိုဦးဆောင်သူမှာ Arthas ငယ်စဉ်က ပညာသင်ယူခဲ့တဲ့Muradin Bronzebeard ပဲဖြစ်ပါတယ်။ ပထမတော့ Muradin က Arthas ဟာ runeblade Frostmourne ကိုရှာဖွေဖို့လာတဲ့ သူ့လူတွေကို လာရောက်ကူညီသူလို့ ထင်မှတ်ခဲ့တာပါ။ Arthas ကထိုအချက်ကို ချော်လဲရောထိုင်ပြုလုပ်ခဲ့ပြီး အနီးဝင်ကျင်က undead စခန်းတွေကို အတူတကွ ရှင်းလင်းတိုက်ထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထိုအချိန်တွေထိ Mal'Ganis ရဲ့အရိပ်အယောင်ကိုမတွေ့ခဲ့ပါဘူး။ များမကြာမီမှာပဲ Lordaeron ကလွှတ်လိုက်တဲ့ zeppelin ဟာ Northrend ကိုရောက်ရှိလာခဲ့ပါတယ်။ Zeppelin Captain Luc Valonforth ဟာ Uther နဲ့ ဘုရင်ကြီးTerenas ဆီကအမိန့်ကိုယူဆောင်လာသူပါ။ Arthas ကိုလက်ရှိလုပ်လက်စအလုပ်တွေရပ်တန့်ပြီး Lordaeron ကိုပြန်လာခဲ့ဖို့ခေါ်တဲ့အကြောင်း သတင်းလာပါးခဲ့ပေမဲ့ Muradin နဲ့ Arthas တို့ဟာ Frostmourne ဓားကိုရှာဖွေဖို့ ခရီးပြင်နှင်နေပြီဖြစ်ပါတယ်။ Arthas စခန်းကိုပြန်ရောက်လာချိန်မှာတော့ သူ့လူတွေဟာ အခြေစိုက်စခန်းတွေကို ဖျက်သိမ်းပြီး အိမ်ပြန်ခရီးအတွက်သင်္ဘောတွေပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ Arthas ကတော့ Mal'Ganis ကိုမသတ်နိုင်သရွေ့ Northrend ကတစ်ဖဝါးမှမခွာနိုင်ဟု ခေါင်းမာပြီး ရင်းနှီးခဲ့ဖူးတဲ့ဒေသခံကြေးစား အချို့ကို ခေါ်ယူကာ သဘောင်္တွေကိုဖျက်ဆီးဖို့စေခိုင်းခဲ့ပါတယ်။ စစ်သည်တွေဟာ သင်္ဘောတွေဆီရောက်လာချိန်မှာတော့ Arthas က သူ့ရဲ့ကြေးစားတွေကို တစ်ဖန်သစ္စာထပ်ဖောက်ပြီး သတ်ဖြတ်ခဲ့ပါတယ်။ Muradin ဟာလဲအတွင်းလူပါနေတာမသိခဲ့ပဲ ကြေးစားတွေကိုကြီးစွာစိတ်ဆိုးဒေါသဖြစ်ခဲ့ပြီး ကြေးစားခေါင်းဆောင်ကို ဇီဝိန်ခြွေခဲ့ပါတယ်။ Arthas ကသူ့ရဲ့လူတွေကို ယခုအချိန်မှာ အိမ်ပြန်ဖို့မဖြစ်နိုင်သေးကြောင်း နဲ့ Northrend မှ ထွက်ခွာဖို့အကောင်းဆုံးနည်းလမ်းက မိမိတို့ဟာ ရန်သူကိုအမြစ်ပြတ်ချေမှဖြစ်မည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြွေးကြော်ပါတော့တယ်။ Arthas ၊ Muradin နဲ့ သူတို့ရဲ့စစ်သည်အနည်းငယ်ဟာ Ancient Gateway ကိုဖြတ်ပြီး ဒဏ္ဏာရီလာ Frostmourne တည်ရှိရာနေရာအနီးသို့ရောက်ရှိလာခဲ့ကြပါတယ်။ ထိုအချိန်မှာပဲ Frostmourne ကိုစောက်ရှောက်ကြတဲ့ Guardian တွေက Arthas ကိုဆက်မကြိုးစားဖို့နည်းအမျိုးမျိုးဖြင့်တားဆီးကြပါတယ်။ခက်ခဲတဲ့ အစောင့်တွေကိုဖြတ်ကျော်အနိုင်ယူခဲ့ပြီး Arthas နဲ့ Muradin တို့ဟာသူတို့ရဲ့ဆုလာဘ်ဆီကိုရောက်လာခဲ့ကြပါတယ်။ Frostmourne ဆီအရောက်မှာတော့ Muradin ကရေခဲပေါ်မှ ကျိန်စာကဲ့သို့သော သတိပေးစာကို သတိပြုမိခဲ့ပါတယ်။ ဓားဟာ ကျိန်စာသင့်နေခဲ့ပြီး ကိုင်ဆောင်မည့်သူဟာ ထိုကျိန်စာဆိုးကိုဆက်လက်ခံစားရမှာဖြစ်ကြောင်းသတိပေးထားတာပါ။ ထို့ကြောင့် Frostmourne ကိုအသည်းအသန်လိုချင်လို့ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံနေတဲ့ Muradin ဟာတုန်လှုပ်သွားပြီး "အိုး, Arthas ရေ.. ဒီကိစ္စဒီမှာပဲရပ်လိုက်တော့! ဒါတွေကိုမေ့ထားပြီး မင်းလဲမင်းလူတွေကိုခေါ် ငါတို့အိမ်ပြန်ရအောင်!" ဟုပြောလေသည်။ ဒါပေမဲ့ Arthas ကလက်မခံပဲ cavern ရဲ့ဝိဥာည်ကိုခေါ်ယူကာ ဓားကိုရေခဲထုထဲမှထုတ်ခိုင်းလေသည်။ ထိုစဉ်မှာပဲ ကံမကောင်းစွာဖြင့် Muradin ဟာ rogue shard of ice ရဲ့ တိုက်ခိုက်ခြင်းခံရကာ သေဆုံးသွားလေတော့သည်။ Arthas က Muradin ကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့ Frostmourne က သူ့ရဲ့ အာရုံတွေကိုဖမ်းစားထားခဲ့ပါတယ်။ Arthas ကသူ့ရဲ့ holy warhammer လို့ခေါ်တဲ့ Light's Vengeance (SE Q လုပ်သူများတွေ့နိုင်) ကိုစွန့်ပစ်ထားခဲ့ပြီး Frostmourne ကိုကောက်ကိုင်လိုက်ပါတော့တယ်။ နောက်ပြီး Muradin ကိုထားခဲ့ကာ စခန်းကိုပြန်လာခဲ့ပါတော့တယ်။ Arthas ဟာ Frostmourne ကိုကိုင်စွဲပြီး Mal'Ganis ရဲ့ ကိုယ်ရံတော်တွေကို သတ်ပစ်နိုင်ခဲ့ပါတယ်။ Frostmourne ကိုကိုင်ဆွဲပြီးမကြာခင်မှာပဲ Arthas ဟာ Lich King Ner'zhul ရဲ့အသံတွေကိုနားထဲကြားနေရပြီး စိတ်အာရုံထွေပြားမှုတွေမကြာခဏ ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Arthas ဟာသူရဲ့ စစ်သည်တွေကိုစွန့်ခွာခဲ့ပြီး အနည်းငယ်ကျန်ရှိနေသောအသိစိတ်ပါပျောက်ကွယ်ပြီး တစ်ယောက်ထဲထွက်ခွာသွားခဲ့ပါတော့တယ်။ လပေါင်းများစွာကြာပြီးနောက် Lordaeron ကို Arthas တစ်ယောက်ပြန်ရောက်လာခဲ့ပါတယ်။ ဘုရင်ကြီးနဲ့ တိုင်းသူပြည်သားတွေဟာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် တခမ်းတနားကြိုဆိုမှုပြုခဲ့ကြပါတယ်။ Arthas ဟာ ဘုရင်ကြီး Terenas ထံအခစားဝင်ပြီး မထင်မှတ်ထားတဲ့အချိန်မှာပဲ Frostmourne ဓားဖြင့်လုပ်ကြံသတ်ဖြတ်လိုက်ပါတော့တယ်။ ထိုအချိန်မှစပြီး Lordaeron ဟာအုပ်ချုပ်သူ ဘုရင်မဲ့ဖြစ်ခဲ့ရပါတယ်။ သွေးစွန်းနေတဲ့ Terenas ရဲ့ သရဖူဟာ ယနေ့အချိန်ထိ ထူးဆန်းစွာပျောက်ဆုံးသွားပါတော့တယ်။ (Ingame ထဲက UC သွားတဲ့လမ်းက Terenas hall မှာ အသံချဲ့ပြီးနားထောင်ပါက ပဲ့တင်ထပ်နေတဲ့ Terenas နဲ့ Arthas တို့ရဲ့အသံတွေကိုကြားရမှဖြစ်ပါတယ်။) The Lich King (Arthas Menethil) အပိုင်း ၃ Arthas ဟာ Vandermar မှာပုန်းအောင်းနေတဲ့ စက်ဆုပ်ဖွယ်အမူအကျင့်ရှိတဲ့ အောက်လမ်းဂိုဏ်းတွေကို သစ္စာခံစေပြီး ထိုသူတွေ၏ မှော်စွမ်းအင်တွေကိုအသုံးချဖို့အတွက် Kel'Thuzad ရဲ့အလောင်းရှိရာ Andorhal ကိုရောက်လာခဲ့ပါတယ်။ Uther ရဲ့ paladin အစောင့်တွေကိုရက်စက်စွာသတ်ဖြတ်ပြီး necromancer Kel'Thuzad ရဲ့ရုပ်ကျွင်းကိုရအောင်ယူခဲ့ကြပါတယ်။ Kel'Thuzad ရဲ့ ရုပ်ကျွင်းဟာဆိုးရွားစွာပျက်စီးနေခဲ့တဲ့အတွက် ပြင်ဆင်ဖို့ Quel'Thalas တိုင်းပြည်က Sunwell ကိုသွားရောက်လုယူပါတော့တယ်။ Sunwell ဆိုသည်မှာ Day Elf( High elf နဲ့ မျိုးနွယ်တူ Blood elf) တွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာလည်းဖြစ်ပါတယ်။ Night elf တွေအတွက် Moon well မရှိမဖြစ်လိုအပ်သလိုမျိုးပါ။ Arthas ဟာ Tichondrius ခိုင်းသမျှလိုက်လုပ်ပြီး Terenas ရဲ့ အရိုးပြာအိုးကိုလုယူဖို့ Knights of the Silver Hand အဖွဲ့ကိုတိုက်ခိုက် ခဲ့ပါသေးတယ်။ Arthas ဟာထိုတိုက်ပွဲမှာ Champion နှစ်ယောက်ဖြစ်တဲ့ Ballador the Bright နဲ့ Sage Truthbearer ကိုသတ်ဖြတ်ခဲ့ပြီး နောက် Uther the Lightbringer နဲ့ရင်ဆိုင်တွေ့ခဲ့ပါတယ်။ Uther က အရိုးပြာအိုးဟာ King Terenas ရဲ့အရိုးပြာဖြစ်ကြောင်း ဖခင်ရဲ့နောက်ဆုံးအကျွင်းအကျန်ကိုမနှောက်ယှက်ဖို့ နဲ့ မဖျက်ဆီးဖို့ အထပ်ထပ်အခါခါတောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ Arthas ရဲ့စိတ်ကိုစေစားနေတဲ့မကောင်းဆိုးဝါးဟာ Arthas ကိုကမ်းကုန်အောင် မိုက်မဲစေခဲ့ပြီး ဖခင်ကိုသာမက ငယ်ဆရာကိုပါ သတ်ဖြတ်ပစ်လောက် အောင်စေစားခဲ့ပါတယ်။ Uther ကမသေခင်မှာ "ငါသေလိုငရဲရောက်မယ်ဆိုရင် အဲ့ဒီက အထူးပြုလုပ်ထားတဲ့နေရာမှာ... Arthas ငါမင်းကို..စောင့်နေမယ်" ဟု ပြောသွားခဲ့ပါသေးတယ်။ Quel'Thalas ကိုလုပ်ကြံစဉ်မှာတော့ သူမတူအောင်ကျွမ်းကျင်ပြီးအကင်းပါးတဲ့ Ranger-General Sylvanas Windrunner ရဲ့တပ်ဖွဲ့တွေဟာ Arthas ရဲ့ တပ်တွေကိုအပြင်းအထန်ခုခံပါတော့တယ်။ Undead စစ်တပ်ကြီးမလာခင် လမ်းခုလတ်မှကြိုတင်တားဆီးခဲ့ကြပေမဲ့ အင်အားခြင်းမမျှတတာကြောင့် Silvermoon မြို့ရိုးထိ ဆုတ်ခွာခုခံခဲ့ရပါတယ်။ Sylvanas က Arthas ရဲ့ တပ်ဟာထင်ထားတာထက်ပိုမိုကြီးမားကြောင်း Silvermoon ကိုအကြောင်းမကြားနိုင်ခင်မှာပဲ Arthas ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ Arthas ဟာ သူရဲ့တပ်တွေအထိနာခဲ့တာက တစ်ကြောင်း Sylvanas ရဲ့သူ့အပေါ် အရှက်ရလောက်အောင်တိုက်ခိုက်နိုင်ခဲ့တာတွေကြောင့် သူမနဲ့ သူမရဲ့elf တွေကို undead scourage တွေအဖြစ်ပြောင်းလဲပြီး banshee တွေအဖြစ် Lich King ရဲ့ကျေးကျွန်ဖြစ်စေကာ သူမရဲ့ silvermoon ကိုပြန်လည်တိုက်ခိုက်စေခဲ့ပါတယ်။. အင်အားတိုးပွားလာတဲ့ Arthas ရဲ့တပ်ဖွဲ့ကြီးဟာ Silvermoon City ကို တစ်ဝက်ခန့်ခြေမှုန်း နိုင်ခဲ့ပြီး အပျက်အဆီးတွေကြားမှာပစ်ထားခဲ့ပါတယ်။ထို့နောက် Sunwell ဆီအရောက်မှာတော့ High King of Quel'Thalas, Anasterian Sunstrider ( Kael'thas Sunstrider ရဲ့ဖခင်) နဲ့တွေ့ဆုံ့ရင်ဆိုင်ပါတော့တယ်။ ထိုစဉ်က Kael'thas ဟာ Dalaran ရဲ့ Six Council မှာတာဝန်ထမ်းဆောင်နေခဲ့တာပါ။ Arthas ရဲ့စွမ်းအင်တွေဟာတစ်နေ့ထက်တစ်နေ့တိုးတက်လာနေပြီး ဘယ်လိုမှမယှဉ်နိုင်ပဲ Anasterian တစ်ယောက် အသက်ပေးလိုက်ရပါတော့တယ်။ထို့နောက် Arthas ဟာ Sunwell ကိုယူဆောင်လာခဲ့ပြီး Kel'Thuzad ကို undead lich အဖြစ်အသက်သွင်းခဲ့ပါတယ်။ နောက်လပေါင်းများစွာကြာတဲ့အခါမှာ Tichondrius ဟာGul'dan ရဲ့ ဦးခေါင်းခွံမှ arcane power ကိုရရှိဖို့ကြိုးစားချိန်မှာ Arthas ဟာ Kalimdorမှာ ပြန်ပေါ်လာခဲ့ပါတယ်။ Arthas က ထွက်ပြေးလာတဲ့ DemonHunter Illidan နဲ့တွေ့ပြီး Tichondrious ရှာဖွေနေတဲ့ skull ဟာမည်မျှစွမ်းအားရှိကြောင်း နှင့် Tichondrious ကိုသတ်ပေးမည်ဆိုပါက ထို skull ကိုပေးမည်ဖြစ်ကြောင်းပြောခဲ့ရာ Illidan ကသဘောတူခဲ့လေသည်။ Arthas ဟာတဖြည်းဖြည်းနဲ့ Lich King Ner'zhul ရဲ့စွမ်းအားတွေ လျော့နည်းလာတာကိုသတိပြုမိခဲ့ပါတယ်။အဘယ့်ကြောင့်ဆိုသော် Lordaeron မှာအစောင့်ချထားတဲ့ Banshee Queen Sylvanas အပေါ်အပြည့်အဝမထိန်းချုပ်နိုင်တော့သောကြောင့်ဖြစ်ပေသည်။ Sylvanas ဟာလည်း Lich king ရဲ့ စွမ်းအားလျော့ရဲလာတာကြောင့် Arthas ကိုလက်စားခြေဖို့အတွက် အကောင်းဆုံးအချိန်ရောက်ပြီဟုယုံကြည်ခဲ့လေသည်။ Arthas ဟာလုပ်ကြံမှုတစ်ချို့ခံခဲ့ရပြီး Banshee တွေရဲ့ကယ်တင်မှုကြောင့်လွတ်မြောက်ခဲ့ပေမဲ့ Sylvanas ကပရိယာယ်သုံး၍ ထပ်မံ လုပ်ကြံပြန်ပါတယ်။ ဒါပေမဲ့ Lich King က သစ္စာဖောက်ခံရကြောင်း သတိပေးခဲ့ပြီး Northrend ကိုလာရောက်တိုက်ခိုက်တဲ့ Illidan နဲ့ Naga Raid တွေကိုတားဆီးခုခံဖို့ အချိန်မှီပြန်ခေါ်ခဲ့ပါတယ်။ ထိုကြောင့် Arthas ဟာ Northrend ကိုအမြန်ပြန်လာခဲ့ပြီး Kil'jaden ကိုlordaeron မှာထားခဲ့ရပါတယ်။ သုံးပတ်အကြာမှာတော့ Arthas Northrend ကိုပြန်ရောက်လာခဲ့ပေမဲ့ ထိုအချိန်မှာပဲ မျှော်လင့်မထားတဲ့ Blood Elf တွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ ထို Blood Elf တွေကိုဦးဆောင်သူမှာ Anasterian Sunstrider ရဲ့သားဖြစ်သူ Kael'thas Sunstrider ဖြစ်ပါတယ်။ Kael'thas ဟာ Arthas ကို Silvermoon City ဖျက်ဆီးခံရမှုနဲ့ ဖခင်အသတ်ခံရမှုတွေကြောင့် လက်စားခြေလိုစိတ်ပြင်းပြနေခဲ့ပါတယ်။သို့သော်လဲ Arthas ကို မမျှော်လင့်ပဲ king of Azjol-Nerub ဖြစ်တဲ့ Crypt lord Anub'arak ရဲ့ကယ်တင်မှုကြောင့်အသက်ရှင်ခဲ့ရပါတယ်။ Anub'arak ရဲ့ခုခံမှုကို မထိုးဖောက်နိုင်တဲ့ Kael'thas က Arthas ကို ၎င်းတို့ဟာ အကြိုကင်းထောက်အဖွဲ့သက်သက်သာဖြစ်ကြောင်း ၎င်းတို့ရဲ့ ပင်မတပ်မကြီးကို Scourge တွေအနေနဲ့ အနိုင်မရနိုင်ဟု ပြောပြီး portal ဖွင့်ထွက်ခွာသွားခဲ့ လေသည်။ Arthas ဟာတုန်လှုပ်ခြောက်ခြားစွာဖြင့် မိမိအနေဖြင့် Icecrown ကိုထိုသူတို့ထက်ဦးအောင်မရောက်နိုင်ကြောင်းတွေးမိလေသည်။ သို့သော်လဲ Anub'arak က Azjol-Nerub Kingdom ရဲ့မြေအောက်လမ်းတွေကိုအသုံးပြုကာ Illidan ကိုကြားဖြတ်တိုက်ခိုက်ဖို့လမ်းပြလိုက်လေသည်။ ထို့အတွက် Anub'arak နဲ့ Arthas တို့ဟာ အပေးအယူအချို့ပြုလုပ်ခဲ့ကြပါတယ်။ Anub'arak ကမြောက်များစွားသော Malygos ရဲ့ blue dragon ကိုတိုက်ဖို့အကြံပြုခဲ့ပါတယ်။ ထို့နောက် Arthas ကသူ့မှာကျန်ရှိနေသေးတဲ့ Sapphiron power ကိုအသုံးပြုပြီး Dragon ကို စွမ်းအားမြင့် frost wyrm အဖြစ်ပြန်လည်နိုးထစေပါတယ်။ Azjol-Nerub ရဲ့တံခါးဝအရောက်မှာတော့ Arthas ကို တစ်ချိန်က Muradin ရဲ့နောက်လိုက်dwarf တွေက လက်စားချေဖို့အတွက် မီးကျည်တွေနဲ့ တိုက်ခိုက်ကြပါတယ်။ Dwraf တွေက Arthas ရဲ့ Muradin အပေါ်တာဝန်မဲ့ခဲ့တဲ့လုပ်ရပ်ကြောင့် ခံပြင်းဒေါသထွက်နေကြတာပါ။Muradin သေဆုံးပြီးနောက်မှာတော့ ထို Dwraf အဖွဲ့ကို Baelgun Flamebeard ကဆက်လက်ဦးဆောင်ရင်း လက်စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ Arthas ဟာ Baelgun's dwarves တွေနဲ့ ရင်ဆိုင်ခဲ့ရစုံသာမကပဲ nerubian survivors တွေနဲ့လဲ တိုက်ခိုက်ခဲ့ရပါသေးတယ်။ Arthas တို့ Upper Kingdom ကိုဆက်လက်ချီတက်ခဲ့ရာမှာတော့ ငလျင်လှုပ်ခတ်ပြီး Anub'arak နဲ့လူချင်းကွဲသွားခဲ့ပါတယ်။ Arthas ဟာ သူ့ရဲ့ဖြတ်ထိုးဥာဏ်ကိုအသုံးချပြီး ထိုစိတ်ပျက်စရာအခြေအနေကို အသည်းအသန်ကျော်လွှားခဲ့ရပါတယ်။ Anub'arak နဲ့ပြန်တွေ့နိုင်ခဲ့တဲ့အခါမှာတော့ Anub'arak ဟာ Ner'zhul Lich King ရဲ့ Arthas အပေါ် Champion of Death Knight အဖြစ်ရွေးချယ်မှုကို ကောင်းစွာနားလည်သဘောပေါက် သွားပါတယ်။ Azjol-Nerub ကနေထွက်ခွာနိုင်ခဲ့တဲ့အချိန်မှာတော့ Lich King က Arthas ကိုထပ်မံဆက်သွယ်ခဲ့ပါတယ်။ Lich King က Frozen Throne ဟာပေါက်ကွဲတော့မှာဖြစ်တာကြောင့် မိမိဟာစွမ်းအားလျော့နည်းလာပြီဖြစ်ကြောင်း ဆက်သွယ်အသိပေးခဲ့ပါတယ်။ Ner'zhul ဟာ Arthas ရဲ့စွမ်းအားတွေနဲ့သာ တိုက်ပွဲကိုရင်ဆိုင်နိုင်မှာဖြစ်ကြောင်း ယုံကြည်နေခဲ့တာပါ။ Arthas ဟာ icecrown အရောက်မှာပဲ Illidan ရဲ့အင်အားတွေဖြစ်တဲ့ Vashj ရဲ့ nagaတွေ နဲ့ Kael ရဲ့ blood elf တွေကိုထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ Anub'arak's ရဲ့အကူအညီတွေနဲ့ Arthas ဟာ Illidan ရဲ့တပ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ Icecrown ရဲ့ တံခါးလေးပေါက်လုံးဟာ ပွင့်ဟလာခဲ့ပေမဲ့ Illidan က Frozen Throne ကိုဖျက်ဆီးဖို့အလျင်စလိုမကြိုးစားခဲ့ပဲ Arthas ကိုတိုက်ခိုက်ဖို့စောင့်နေခဲ့ပါတယ်။ Arthas က Illidan ကို Azeroth မှထွက်သွားဖို့ နဲ့ ဘယ်သောအခါမှပြန်မလာဖို့ ရာဇသံပေးရာ Illidan ဂရုမစိုက်ပဲ နှစ်ဦးချင်းရင်ဆိုင်ဖို့တောင်းဆိုပါတယ်။ ထို့နောက် နှစ်ဦးသားတိုက်ခိုက်ကြရာ Icecrown တစ်ခုလုံးအသံတိတ်ပြီး Duel ပွဲကို ရင်တထိတ်ထိတ်ဖြင့် မင်သက်၍ ကြည့်ရှု ကြလေသည်။ တစ်ကြိမ်မှာတော့ Arthas ရဲ့Frostmourne ဓားချက်ဟာ Illidan ရဲ့ရင်ဘက်ကိုခွဲထွက်သွားပါတော့တယ်။ . Illidan ဟာနှင်းထုပေါ်မှာ ပုံရက်သားလဲကြသွားခဲ့ပြီး Arthas ကတော့ ဂုဏ်ယူဝံ့ကြားစွာဖြင့် icecrown ရဲ့ gate ဘက်သို့ထွက်ခွာသွားပါတော့တယ်။ Lich King အထြစ်ခံယူခြင်း Arthas တစ်ယောက် ရေခဲပလ္လင်ပေါ်တက်ရာလမ်းတစ်လျှောက်မှာတော့ သူ့ရဲ့အတွေးအာရုံတွေဟာထွေပြားချက်တွေရှိနေပါတယ်။ သူ့နားထဲမှာလဲ ခေါ်သံကဲ့သို့သောအသံမျိုးစုံကို ပဲ့တင်ထပ်နေအောင်ကြားနေရပါတယ်။ Muradin Bronzebeard ရဲ့ သူ့အပေါ်မကျေမနပ်ပြောဆိုနေသည့်အသံ ၊Uther ရဲ့ဆုံးမစကားအသံ တွေနဲ့ Jaina ရဲ့ အိမ်ပြန်ခဲ့ဖို့ခေါ်သံတွေကို ရှုပ်ထွေးစွာကြားနေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Forsaken အတွင်းစိတ်ဟာ သူ့ကိုဖုံးလွှမ်းထားပြီး နားထဲကြားနေသည့်အသံမျိုးစုံတို့ကို လျစ်လျူရှုကာ ထိပ်ဆုံးမှာရှိတဲ့ ရေခဲပြင်ပေါ် ကိုရောက်အောင်တက်ခဲ့ပါတယ်။ ရေခဲတွေဖုံးအုပ်နေတဲ့ ပလ္လင်ကြီးရှေ့အရောက်မှာတော့ ရှငိးလင်းပြတ်သားတဲ့ တီးတိုးစကားပြောသံတစ်ခုသာ ကြားလိုက်ရပါတယ် ထိုအသံကား Ner'zhul ရဲ့အသံပင်ဖြစ်ပါသည်။ "ဓားကိုပြန်ကောက်လိုက်စမ်းပါ Arthas...ဒီဟာကြီးကိုခွဲလိုက်စမ်းပါ ...ဒီအကျဉ်းထောင်ထဲကငါ့ကိုလွတ်အောင်လုပ်ပေးစမ်းပါ!" Arthas က Frostmourne ကိုကိုင်မြှောက်ပြီး Lich King ကိုချုပ်နှောင်ထားတဲ့ ရေခဲထုကြီးကို ထိုးခွဲလိုက်ပါတော့တယ်။ Frozen Throne ဟာပေါက်ကွဲလွင့်ထွက်သွားပြီး ရေခဲအပိုင်းအစတွေဟာ ကြမ်းပြင်ထက်မှာပြန့်ကြဲလျက်ရှိပါတယ်။ Ner’zhul ရဲ့ခေါင်းစွပ်ဟာ Arthas ရဲ့ခြေထောက်ရှေ့ကိုရောက်လာပါတယ်။ Arthas ကခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး ကိုယ်အနည်းငယ်ယိမ်းကာ ထိုခေါင်းစွပ်ကို ကောက်ယူလိုက်လေသည်။ ထို့နောက် သူ၏ဦးခေါင်းပေါ်မှငြင်သာစွာ စွပ်လိုက်သည်ဆိုလျှင်ပဲ Ner'zhul ရဲ့စွမ်းအားတွေဟာ လျင်မြန်စွာ သူ၏ခန္ဓာကိုယ်ထဲသို့ဆီးဝင်သွားပါတော့တယ်။ သိပ်မကြာခင်ပဲ Ner'zhul ရဲ့အသံကြားလိုက်ရပါတယ်။ "အခုဆိုရင် မင်းနဲ့ငါတစ်ယောက်ထဲဖြစ်သွားပြီ Arthas!" တစ်ချိန်ထဲမှာပဲ Ner'zhul နဲ့ Arthas ရဲ့ ဝိဥာဉ်ပူးပေါင်းသွားပြီး တစ်ခုတည်းသော စိတ်ဆန္ဒဖြစ်သွားပါတော့တယ်။ ထို့နောက် the new Lich King အဖြစ် သူရဲ့အာဏာစက်ကို Azeroth သိအောင်ကြွေးကြော်ပါတော့တယ်။ သေဆုံးခြင်း Arthas ဟာ Azeroth ကိုသိမ်းပိုက်မဲ့ သူရဲ့ plan အောင်မြင်လုနီးပါးမှာပဲ Tirion Fordring နဲ့ adventure တွေဟာ Alliance နဲ့ Horde ပူးပေါင်းပါဝင်တဲ့ Ashen Verdict အဖွဲ့ကိုဦးဆောင်ပြီး Arthas ရဲ့ Icecrown Citadel ကိုလုပ်ကြံခဲ့ကြပါတယ်။ ဂူဗိမ္မာန် Arthas ရဲ့သင်္ချိုင်းဟာ မည်သည့်နေရာမှာရယ်လို့ blizzard ကတရားဝင်သတ်မှတ်မထားခဲ့ပါဘူး ဒါပေမဲ့ Stormwind သင်္ချိုင်းထဲက ကြီးမားလှတဲ့ ဂူဗိမ္မာန်ကြီးဟာ Arthas ရဲ့ အုတ်ဂူဖြစ်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင်ထိုအုတ်ဂူပေါ်မှာကပ်နှိပ်ထားတဲ့ Lordaeron တံဆိပ်ဟာ ထိုယုံကြည့်ချက်ကိုပိုခိုင်မာစေပါတယ်။ လူဆိုးကြီး Arthas ကိုအောက်မေ့သတိရသူတစ်ယောက်ကခရမ်းရောင်ပန်းပွင့်တစ်မျိုးကို "Arthas's Tears" ( Arthas ရဲ့မျက်ရည်) ဆိုပြီး အမည်ပေးခဲ့ပါသေးတယ်။ ထိုတစ်ယောက်က jaina လား ဘယ်သူလားဆိုတာ ဘယ်သူမှမသိကြပါဘူး ထိုပန်းပွင့်များကို ရောနှောပြီး Alchemist တွေဟာ ရလာတဲ့ ပစ္စည်းကို "Gift of Arthas" ( Arthas ရဲ့လက်ဆောင်) လို့ခေါ်တွင်ကြပြန်ပါတယ်။ Credit Tin Aung Yin
  2. Rules and Regulations of War Citadel server ==================================== ၁။war citadel serverမှမည်သည့်Hacking/cheating softwareမဆိုအသုံးမပြုရန်အထူးတားမြစ်သည်။ raid/instance အတွင်းhackပါကတစ်ပါတ်banသွားမည်။ battleground/arena နှင့်pvp combatများအတွင်းတွင်hackပါကတစ်လတိတိပထမအကြိမ်နှင့်ဒုတိယအကြိမ်တွင် perment banသွားမည်ဖြစ်သည်။ raid/instance /battleground /arena /pvp combat zoneပြင်ပတွင်hackပါက 7days banသွားမည်။ ၂။Game ထဲတွင်ဆဲဆိုမူ့နှင့်fb groupနဲ့forumများအတွင်းတွင်gm/developerကိုဖြစ်စေplayerအချင်းချင်းဖြစ်စေဆဲဆိုမူ့များအားလုံးကို caseအပေါ်မူတည်ပြီး banသွားမည်ဖြစ်သည်။ ၃။ arena လုပ်ပွဲချခြင်းအားအထူးတားမြစ်သည်။ လုပ်ပွဲချကစားသည်ကိုတွေ့ရှိခဲ့ပါက ၂ရက်တိတိbanသွားမည်ဖြစ်သည်။ Wind trade Arena teams will delete from server ! ယနေ့မှစ၍ တခြားသော private server အကြောင်းများဒီgroupတွင်post/commet များလက်မခံပါ။ ဒါ့အပြင် war citadel မှရောင်းအဝယ်postများအား war citadel online market တွင်သာpostပေးကျရန် လေးစားစွာတိုက်တွန်း နိုးဆော်အပ်ပါသည်။
  3. Raid Composition For 10 players Raid Guide တွေအတွက် ဆို အရင်ဆုံး ဘယ် Boss ကို ဘယ်လိုချမယ်ဆိုတာထက် Raid composition ကို အကောင်းဆုံးဖွဲ့စည်းထားနိုင်ဖို့လိုပါတယ်။ 2 Tank ( MT and OT ) 3 Healers ( Holy paladin, Druid နဲ့ Disco priest ) 2 MDPS ( Fury Warrior နဲ့ Reti Paladin သို့မဟုတ် Frost DK ) 3 RDPS ( Ele Shaman, MM or BM Hunter နဲ့ Arcane Mage ). မှတ်ချက်။ ။ Disco Priest သည် Shadow Talent နှင့်ပါ ကစားနိုင်အောင် Item ဆင်ထားရမည်။ သို့မဟုတ် Druid သည် Moonkin ကစားနိုင်ရမည်။ MT and OT MT ကို Pro-paladin သို့မဟုတ် Druid tank ကိုထားပြီး OT ကို Warrior သို့မဟုတ် DK ကိုထားဖို့သင့်ပါတယ်။ Warrior OT ထားရင် Stun Spell တွေရမည့်အပြင် Armor reduction 20% ပါရနေမှာပါ။ DK ကို OT ထားတဲ့အခါ Blood tank သုံးမလား Frost Tank သို့မဟုတ် Double Buff tank ကို သုံးမလားဆိုတာ တွေးရပါမယ်။ Blood Tank အနေနဲ့ ကိုယ်ပိုင် Healing ရှိပြီး Attack power 10% buff ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Physical dmg ကိုတော့ ခံနိုင်ရည်နည်းပါတယ်။ Frost DK သုံးရင်တော့ Spell dmg နဲ့ Physical dmg ကို မျှတစွာခံနိုင်ပြီး Healer တွေရဲ့ Healing ကိုတော့ Blood tank ထက်ပိုလိုအပ်ပါတယ်။ Raid support အနေနဲ့ Melee haste 20% ရမှာဖြစ်ပါတယ်။ Double buff Hybrid Tank သုံးမယ်ဆို Attack power 10% ရမည့်အပြင် Melee haste 20% buff ကိုပါရမှာဖြစ်ပါတယ်။ Raid Support ဘက် အရမ်းကောင်းပေမယ့် အားနည်းချက်ကတော့ တစ်ခြား Talent တွေထက် အနည်းငယ် Soft ဖြစ်နေတာပါ ( low gear DK ဆိုရင် သုံးဖို့မသင့်တော် ပါ) Raid မှာ DK တစ်ယောက်ပါသည့်အခါ boss ရဲ့ attack speed ကို Reduce ပေးမှာဖြစ်ပါတယ်။ MDPS Fury warrior တစ်ယောက်ကိုတော့ မဖြစ်မနေ ထားသင့်ပါတယ်။ AOE constant dmg ရှိတဲ့အပြင် One Target မှာလည်း အဆင်ပြေတဲ့ dmg output ပေးနိုင်ပါတယ်။ Fury warrior သည် လိုအပ်တဲ့ Item ရှိမှ Dmg done ကောင်းသည်။ Retri Paladin Fury warrior လိုမျိုး AOE constant DMGရှိတဲ့အပြင် တစ်ခြားသော Safe spell များစွာရှိနေပါတယ်။ Fury warrior နဲ့ ယှဉ်တဲ့အခါ dmg output အနည်းငယ်နည်းပါလိမ့်မယ်။ ဒါပေမယ့် Item သိပ်မတောင်းပဲ dmg done ကောင်းကောင်းပေးနိုင်သော Class တစ်ခုဖြစ်ပါတယ်။ Frost DK OT ကို DK tank သုံးထားတဲ့အခါ Frost DK ကို မသုံးလည်း ဖြစ်ပါတယ်။ OT ကို DK မသုံးတဲ့အခါ Fury Warrior မရှိတဲ့အခါမှာတော့ Frost DK ကို မဖြစ်မနေသုံးသင့်ပါတယ်။ AOE dmg done က Boss encounter ရဲ့ Adds အနည်းအများအပေါ် မူတည်ပြီး ပြောင်းလဲန်ုင်သလို One Target Fight မှာတော့ Item နည်းနည်းနဲ့ Dmg done ကောင်းကောင်းပေးနိုင်တဲ့ Flexible ကျတဲ့ class တစ်ခုဖြစ်ပါတယ်။ RDPS Elemental Shaman မဖြစ်မနေသုံးသင့်ပါတယ်။ အထက်ဖော်ပြပါ Healer တွေထဲမှာ Restro shammy ကို မသုံးခဲ့တဲ့အတွက်ပါ။ Heroism က မဖြစ်မနေလိုအပ်တဲ့ buff တစ်ခုဖြစ်နေလို့ပါ။ Totem ကိုတော့ Raid ရဲ့ class buff တွေအပေါ်မူတည်ပြီးချရုံပါပဲ။ Hunter Target Switch များလည်း dmg အများကြီး ကျမသွားပဲ trap လေးတွေသုံးပြီး လှလှပပ ကစားသွားနိုင်တဲ့ class တစ်ခုပါ။ MM talent သုံးရင် attack power 10% buff ရမှာဖြစ်ပြီး BM ဆိုရင်တော့ Dmg done 3% increase buff ရမှာဖြစ်ပါတယ်။Low gear မှာတော့ BM ကိုသာ recommand လုပ်ချင်ပါတယ်။ BM သည် item သိပ်မတောင်းပဲ Flexible ကျတဲ့ Talent ဖြစ်နေလို့ပါ။ T9 set effect ကလည်း BM ကို support ပေးထားတဲ့အတွက်ကြောင့်ပါ။ Mage ကျတော့် အကြိုက်ပြောပါဆို Arcane ပါပဲ။ Arcane သည် item လိုအပ်ချက်သိပ်မရှိပဲ ကစားနိုင်လို့ပါ။ ပြီးတော့ CC အနေနဲ့ Slow spell ပါပြီး တစ်ကယ့်ကို အသုံးဝင်တဲ့ spell တစ်ခုပါပဲ။ Fire mage မှာ TTW နဲ့ FFB ရှိပြီး နှစ်ခုလုံးက item လိုအပ်ချက်များလွန်းပါတယ်။ ဒါကြောင့် Arcane mage ကိုသာ Low gear နဲ့ Mid gear ကထိ ညွှန်းချင်ပါတယ်။ Healers Holy Paladin မဖြစ်မနေထားသင့်ပါတယ်။ မည်သည့်အခြေအနေမျိုးမှာမဆို Tank တွေကို Heal ဖို့ အကောင်းဆုံး Healer ပါပဲ။ Overheal Healer ပါ။ Disco Healer ဒါပေါ့ဗျာ။ LK Run တဲ့ Raid မှာ Disco မှ မပါရင် တကယ်ကို ခက်ခဲနေမှာပါ။ ကိုယ်တွေ့ပါပဲ။ Dmg reduction 3% ကို Raid တစ်ခုလုံးရမည့်အပြင် Physical dmg reducion 12% buff ( Inspiration ) ကို Tank ဆီပေးထားနိုင်မှာဖြစ်ပါတယ် ။ Instant Shield နဲ့ incoming dmg တွေကို ဟန့်တားပေးနိုင်ပြီး Overheal healer တွေ HOT healer တွေ casting ဆွဲချိန်ရအောင် Shield နဲ့ Taunt ထားပေးမယ့် Healer ပါပဲ။ Druid Rebirth ရပါမယ်။ Tree of life buff ရပါမယ်။ HOT နဲ့ Raid Heal တဲ့ Healer တစ်ယောက်ပါ။ Mana မလောက်တဲ့ ပြဿနာ အနည်းပါးဆုံး Healer ပါ။ အထက်ဖော်ပြပါ အကြောင်းအချက်တို့သည် General suggestion သာဖြစ်ပြီး ဒီအတိုင်း ဖွဲ့စည်းရမယ်လို့ လုံးဝ ကို မဆိုလိုပါ ။ Rogue နှင့်တွဲဖက်သည့် composition မပါခြင်းသည် Rogue ကို မကြိုက်နှစ်သက်ခြင်း လုံးဝ မဟုတ်ပါ။ 25 Raid composition တွင် Rogue သည် မဖြစ်မနေ ပါရမယ့် Class တစ်ခုဖြစ်ပါတယ်။ ကျတော် Run ခဲ့ရတဲ့ Raid composition အရ နဲ့ အခက်အခဲတွေအပေါ် အခြေခံပြီး ရေးသားခြင်းသာဖြစ်ပါကြောင်း။ Talent နဲ့ Rotation များအားလည်း နားလည်ပြီးသူများ အဖြစ်ယူဆ ကာ အတိုချုပ် သုံးနှုန်းထားခြင်းများလည်းရှိပါတယ်။ စာလုံးပေါင်း အမှား များရှိပါကလည်း သည်းခံပေးပါရန်။ #Lagerthaz
  4. PVE Shadow Priest DPS Guide ***Zawgyi Version*** *အခုမှ Priest စဆော့တဲ့ newbie များ နဲ့ မသိသေးတဲ့ သူများအတွက် ပါ နော်(လိုတာ ရှိလဲဝန်တာမိပါ)* စာရေးသူ ကြီးရဲ့ Ex-class အကြောင်းရေးရတော့မယ်ဆိုတော့ ရင်တော့ခုန်မိသားဗျာ ကျွုပ် ကလဲ သေသေချာချာ ကိုင်တတ်တဲ့ Class က ခက်ရှားရှားရယ်.ကဲဒီတော့ကာ ငယ်ချစ်ဦး မြေးဦးရတဲ့ ထိအောင်မမေ့ဆိုသလို တချိန်က ချစ်လှစွာသော Pisi လေးအားရည်မှန်းပီးရေးလိုက်တော့မယ်ဗျာ..... ထုံးစံအတိုင်းပဲ ဆာဗာ အခြေ အနေ အရ Low Gs ဦးစားပေး တွေ ရေးပေးနေတယ် ဆိုတော့ ဒီ Shadow Priest လေးဟာလည်း LOW GS talent build လေးပဲဖြစ်မှာပါနော် စာဖတ်ပရိတ်သတ်ရေ..... အောက်ဆုံးမှာတော့ ပုံနဲ့ တကွ Talent Building လေး ကိုဖော်ပြထားပေးပါတယ်နော်.... Talent ဆိုတာရယ်လို့ယူပြီးရင် သူု့ ကို Support ပေးတဲ့ Glyph ဆိုတာလည်းမပါမဖြစ်ကိုဗျ ကဲ စာရေးသူကတော့ ဒီဖော်ပြထားတဲ့ Glyph လေးတွေ အသုံးပြုစေချင်ပါတယ် ဒီ Glyph လေးတွေ အသုံးပြုရင် ဘာတွေ ကောင်းကျိုးရမလဲ ဆိုတာကတော့ Glyph နာမည်လေးကို နှိပ်ကြည့်ပီးတော့ကြည့်နိုင်ပါတယ်နော်. - Glyph of Shadow - Glyph of Mind Flay - Glyph of Dispersion တို့ပဲဖြစ်ကြပါတယ်ခင်ဗျ. အောက်က ကျွန်တော် ပြထားတဲ့ Talent Building နဲ့ ဒီGlyph တွေက ဘာကိုကောင်းကျိုးပြုမလဲ ဆိုတာတော့ အောက်မှာ ဆက်လက်ရှုစားပေးကြပါခင်ဗျာ.. ***Gameplay and Rotation**** Priest ကတော့ ထွေထွေ ထူးထူး အများကြီးပြောစရာမလို ဘူး Cast/Buff နှစ်မျိုးနဲ့ သုံး ရမယ့် Spell နည်းနည်းပဲ ပါတာမလို့ မိတ်ဆွေ သင့်တာဝန်ကတော့ Target ကို Shadow Damage လုံးဝမပြတ်စေပဲ buff တွေ ကုန်ခါနီးတိုင်းသုံးပေးဖို့ပါပဲ..... -ရန်သူတော်တွေကို မချခင် မှာ အရေးကြီးတဲ့ Spell power တိုးပေးစေတဲ့ Inn Fire တို့လို့ ဘာညာBuff တွေလဲ ကို့ယ့်အပေါ်မှာ ဘာညာperfect ရှိနေဖို့အရေးကြီးတယ် ကဲစချတော့မယ်ဟေ့ -Entry ကို Vampiric Touch ဆိုတဲ့ အထိအတွေ့လေးကောင်းကောင်း လေးနဲံ Boss ကိုကလိစထိုးလိုက်ပါ ပြီးရင် Devouring Plague တင်မယ်ဗျာ Shadow Word: Pain ထပ်တင်တယ်ဗျာ ကျေနပ်လားလို့မေးမေးပီးတင် ပီးတာနဲ့ Over Power ရနိုင်တဲ့ Mind Blast ကို သုံးဗျာ.ပြီးပီ ဆိုတာနဲ့ Priest တို့ရဲ့ စွမ်းအားကို အများမြင်နိုင်တဲ့ Mind Flay ကိုဆွဲဆရာရေ. Mind Flay တစ်ခါဆွဲပြီးရင် မရှက်ပါနဲ့ နောက်တစ်ခါ ထပ်ဆွဲ ပါ ၂ ကြိမ်ကြီးတောင် Mind Flay ဆွဲ ပြီးပြီဆိုရင်တော့ Vampiric Touch ကို ပြန်သုံးပေးဖို့လိုပီ မိတ်ဆွေရေ သူက အကြာကြီးမှ မခံ ပဲကိုမိတ်ဆွေရ အဲ သူ့ကို သုံးပြီးပြီးဆိုတာနဲ့ တပြိုင်နဲ့ ခုနက ကျွန်တော် ပြောခဲ့ တဲ့ Over Power ကြီး Mind Blast ကပါ မိတ်ဆွေကို အဆင်သင့်စောင့်နေပီဆရာရေ(သူ့ကို သုံးပေါ့ဗျာ) ..... -မိတ်ဆွေ ဒီနေရာမှာ အရေးကြီးတာ တစ်ခု ရှိတယ် ဗျ Mind Flay ဆိုတဲ့ အရာကြီးကို သုံးတော့မယ်ဆိုရင် Shadow Word: Pain ကို အရင်သုံးပေးဖို့တော် လိုမယ်နော် Mind Flay ဆိုတာကြီးက သူ့ကိုကိုကြီး Shadow Word: Pain အားကိုးနဲ့ ဆို ပိုပီးတော့ မိုက်တာမလို့ပါနော် ဒီ Flow လေးအတိုင်းသာ သွားမိတ်ဆွေ ပရစ်ကိုတော် တွေရေ Mana မလောက်တော့ရင်တော့ [Dispersion] တို့ [Shadowfiend] တို့လည်း To the time and situation ဘာညာအနေ အထားအလိုက်သုံး ဆရာရေး.... -ပရစ် Guide လေးကတော့ ဒီလောက်ပဲနော် ကွီးတို့ သိသလောက်မှတ်သလောက်လေးရယ်ပါဆရာ့ဆရာကြီးတော့ မဟုတ်ဘူးရယ် :') ရေးသားသူ-ခေးတို့ ချစ်တဲ့ Poutsa --------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------- ***Unicode Version*** *အခုမှ Priest စဆော့တဲ့ newbie များ နဲ့ မသိသေးတဲ့ သူများအတွက် ပါ နော်(လိုတာ ရှိလဲဝန်တာမိပါ)* စာရေးသူ ကြီးရဲ့ Ex-class အကြောင်းရေးရတော့မယ်ဆိုတော့ ရင်တော့ခုန်မိသားဗျာ ကျွုပ် ကလဲ သေသေချာချာ ကိုင်တတ်တဲ့ Class က ခက်ရှားရှားရယ်.ကဲဒီတော့ကာ ငယ်ချစ်ဦး မြေးဦးရတဲ့ ထိအောင်မမေ့ဆိုသလို တချိန်က ချစ်လှစွာသော Pisi လေးအားရည်မှန်းပီးရေးလိုက်တော့မယ်ဗျာ.....:classic_love: ထုံးစံအတိုင်းပဲ ဆာဗာ အခြေ အနေ အရ Low Gs ဦးစားပေး တွေ ရေးပေးနေတယ် ဆိုတော့ ဒီ Shadow Priest လေးဟာလည်း LOW GS talent build လေးပဲဖြစ်မှာပါနော် စာဖတ်ပရိတ်သတ်ရေ..... အောက်ဆုံးမှာတော့ ပုံနဲ့ တကွ Talent Building လေး ကိုဖော်ပြထားပေးပါတယ်နော်.... Talent ဆိုတာရယ်လို့ယူပြီးရင် သူု့ ကို Support ပေးတဲ့ Glyph ဆိုတာလည်းမပါမဖြစ်ကိုဗျ ကဲ စာရေးသူကတော့ ဒီဖော်ပြထားတဲ့ Glyph လေးတွေ အသုံးပြုစေချင်ပါတယ် ဒီ Glyph လေးတွေ အသုံးပြုရင် ဘာတွေ ကောင်းကျိုးရမလဲ ဆိုတာကတော့ Glyph နာမည်လေးကို နှိပ်ကြည့်ပီးတော့ကြည့်နိုင်ပါတယ်နော်. - Glyph of Shadow - Glyph of Mind Flay - Glyph of Dispersion တို့ပဲဖြစ်ကြပါတယ်ခင်ဗျ. အောက်က ကျွန်တော် ပြထားတဲ့ Talent Building နဲ့ ဒီGlyph တွေက ဘာကိုကောင်းကျိုးပြုမလဲ ဆိုတာတော့ အောက်မှာ ဆက်လက်ရှုစားပေးကြပါခင်ဗျာ.. ***Gameplay and Rotation**** Priest ကတော့ ထွေထွေ ထူးထူး အများကြီးပြောစရာမလို ဘူး Cast/Buff နှစ်မျိုးနဲ့ သုံး ရမယ့် Spell နည်းနည်းပဲ ပါတာမလို့ မိတ်ဆွေ သင့်တာဝန်ကတော့ Target ကို Shadow Damage လုံးဝမပြတ်စေပဲ buff တွေ ကုန်ခါနီးတိုင်းသုံးပေးဖို့ပါပဲ.....:classic_cool: -ရန်သူတော်တွေကို မချခင် မှာ အရေးကြီးတဲ့ Spell power တိုးပေးစေတဲ့ Inn Fire တို့လို့ဘာညာBuff တွေလဲ ကို့ယ့်အပေါ ်မှာ ဘာညာperfect ရှိနေဖို့အရေးကြီးတယ် ကဲစချတော့မယ်ဟေ့ -Entry ကို Vampiric Touch ဆိုတဲ့ အထိအတွေ့လေးကောင်းကောင်း လေးနဲံ Boss ကိုကလိစထိုးလိုက်ပါ ပြီးရင် Devouring Plague တင်မယ်ဗျာ Shadow Word: Pain ထပ်တင်တယ်ဗျာ ကျေနပ်လားလို့မေးမေးပီးတင် ပီးတာနဲ့ Over Power ရနိုင်တဲ့ Mind Blast ကို သုံးဗျာ.ပြီးပီ ဆိုတာနဲ့ Priest တို့ရဲ့ စွမ်းအားကို အများမြင်နိုင်တဲ့ Mind Flay ကိုဆွဲဆရာရေ. Mind Flay တစ်ခါဆွဲပြီးရင် မရှက်ပါနဲ့ နောက်တစ်ခါ ထပ်ဆွဲ ပါ ၂ ကြိမ်ကြီးတောင် Mind Flay ဆွဲ ပြီးပြီဆိုရင်တော့ Vampiric Touch ကို ပြန်သုံးပေးဖို့လိုပီ မိတ်ဆွေရေ သူက အကြာကြီးမှ မခံ ပဲကိုမိတ်ဆွေရ အဲ သူ့ကို သုံးပြီးပြီးဆိုတာနဲ့ တပြိုင်နဲ့ ခုနက ကျွန်တော် ပြောခဲ့ တဲ့ Over Power ကြီး Mind Blast ကပါ မိတ်ဆွေကို အဆင်သင့်စောင့်နေပီဆရာရေ(သူ့ကို သုံးပေါ့ဗျာ) ..... -မိတ်ဆွေ ဒီနေရာမှာ အရေးကြီးတာ တစ်ခု ရှိတယ် ဗျ Mind Flay ဆိုတဲ့ အရာကြီးကို သုံးတော့မယ်ဆိုရင် Shadow Word: Pain ကို အရင်သုံးပေးဖို့တော် လိုမယ်နော် Mind Flay ဆိုတာကြီးက သူ့ကိုကိုကြီး Shadow Word: Pain အားကိုးနဲ့ ဆို ပိုပီးတော့ မိုက်တာမလို့ပါနော် ဒီ Flow လေးအတိုင်းသာ သွားမိတ်ဆွေ ပရစ်ကိုတော် တွေရေ Mana မလောက်တော့ရင်တော့ [Dispersion] တို့ [Shadowfiend] တို့လည်း To the time and situation ဘာညာအနေ အထားအလိုက်သုံး ဆရာရေး....:classic_ninja: -ပရစ် Guide လေးကတော့ ဒီလောက်ပဲနော် ကွီးတို့ သိသလောက်မှတ်သလောက်လေးရယ်ပါဆရာ့ဆရာကြီးတော့ မဟုတ်ဘူးရယ် :') ရေးသားသူ-ခေးတို့ ချစ်တဲ့ Poutsa
  6. PVE Assassination Rogue Guide *အခုမှ Rogue စဆော့တဲ့ newbie များ နဲ့ မသိသေးတဲ့ သူများအတွက် ပါ နော်(လိုတာ ရှိလဲဝန်တာမိပါ)* ကျွန်တော်က တော့ အခု PVE မှာ Assassination ဆော့တော့ ကျွန်တော် ကျွမ်းကျင်ရာ လိမ္မာ ရာပေါ့ဗျာ PVE Assassination Guide လေး ကို သိသလောက်မှတ်သလောက်လေး ရေးပေးမယ် ပါရစေ. ပထမ ဆုံး နဲ့ အရေးအကြီးအဆုံး ဖြစ်တဲ့ Talent ကို ကျွန်တော် က အောက်မှ ဖော် ပြထားတဲ့ ပုံ ထဲ က အတိုင်းယူထားပါတယ်. ပြထားတဲ့ အတိုင်းယူထားရင် ဘာအတွက် ကောင်းလဲ ? ဘာအသုံးဝင်သလဲ ? ဆက်လက်ရှုစားပါ ဦးခင်ဗျ...... ကျွန်တော် ယူထားတဲ့ talent build ကတော့ Single Target focusing (Boss attacking) အတွက်ကောင်းပါတယ်.... ပထမ တစ်ချက် Haste တိုးလာမယ်, ဒုတိယ တစ်ချက် Haste တိုးလာတဲ့ ဖြစ်တဲ့ အတွက်ကြောင့် Poison Process မှာ Deal ဖြစ်ဖို့ % အများကြီး ရှိပါတယ်(ရှင်းရှင်းပြောရရင် Dagger က Poison effect ၀င်တာ သာမန်ထက်များမယ်ပေါ့ဗျာ).တတိယ တစ်ချက် ကကျွန်တော် အကြိုက်ဆုံး အချက်ပါပဲ deal more damage in long-them ပါ. Rogue တွေက Target တစ်ခုကို ကြာကြာချရင် Energy မလုံလောက်တော့ကိစ္စနဲ့ ပက်သတ် ပီး Damage မထွက်တော့ပါဘူး.အဲဒီ မှာတော့ ဒီလို မဟုတ်ဘူး ဗျ ကြာကြာချလေ Damage ပိုထွက်လေ ဘယ်လိုလဲ သိချင်နေပီ မလား.ဒီနည်းလေးကတော့ တော့အောက်က How to rotation မှာ ဖော်ပြသွားမယ်လေနော် 😄 . *Gameplay and Rotations. ကျွန်တော်က တော့ လောလောဆယ် အိုင်တမ် မရှိတာရယ်ကြောင့် The Forge of Souls (heroic) က ကျတော့ [Blood Weeper] x2 ချောင်းကို အသုံးပြု ထားပါတယ်.ပထမ ဆုံး setup အနေနဲ့ အရေးအကြီး ဆုံးက Poisoning ပါပဲ ကျွတော်က Main Hand ကို [Instant Poison IX] နဲ့ Off Hand ကို [Deadly Poison IX] အသုံးပြုပါတယ် ၂ခု စလုံးကတော့ Nature Damage Poisoning တွေပါပဲ.ကဲ စတီး လိုက်တော့ဆို့. -Stealth Mode နဲ့ အရင်ဆုံး [Garrote] or [Ambush] ကြိုက်နှစ်သက်ရာ သုံးလို့ရပါတယ် ကျွန်တော် ကတော့ [Garrot] ပဲသုံးပါတယ်.ဘာလို့  [Garrot] ပဲသုံးလဲ ဆိုတော့ [Hunger For Blood] တင်လို့ရအောင်လို့ပါ.[Hunger For Blood] တင်လိုက်ပီဆိုရင်တော့ဖြင့် မိတ်ဆွေရဲ့ Rogue က အားသွန်ခွန်စိုက်နဲ့ All Damage cause ကို (၈ % ကြီးများတောင်ဖြစ်စေမှာပါ).စကားချပ်- [Glyph of Hunger For Blood] သာထပ်ထည့်ထားမယ်ဆိုရင်တော့ဖြင့် အဲ့ ဒီ ၈% ကိုနောက် ထပ် ၃ % ထပ်ပေါင်းပေးပါလိမ့်မယ်.အယ်လယ် ပယ်ဆိုးလို့လဲ ၁၁% များတောင် နော် .Buff ကြာချိန်ကတော့ ၁ မိနစ်တိတြိုဖစ်ပါတယ် (ရိုက်ပါလေ့ အဲ့အချိန်အတွင်း 😛 . ဒါဆို [Ambush] နဲ့ စထိုးရင်ရော [Hunger For Blood] မရဘူးလား ? ဒီလို မေးခွန်းမျိုးလာမေးရင်တော့ အဖြေက တစ်ခုပဲရှိပါတယ် မောင်ကံ ပါခင်ဗျာ ရွှေတိဂုံ ဘရားသိုက်တူး တဲ့ မောင်ကံတော့ မဟုတ်ဘူးခင်ဗျ ကံတရားကြီးပါပဲ ခင်ဗျ 😄 .မိမိကိုယ်ကို ကံကောင်းတယ် လို့သတ်မှတ် ထားရင် Ambush နဲ့သာစထိုးပါလို့ . ဘာလို့လဲ ဆိုတော့ [Hunger For Blood] က Bleeding effect တစ်ခုခု ကTarget မှုာဝင်နေမှ အသုံးပြုလို့ရမှာ မလို့ပါခင်ဗျာ. ကိုယ်ရွှေ ကံကောင်းတွေကတော့ [Ambush] ထိုးလို့ [Deadly Poison IX] နဲံ [Instant Poison IX] ထဲက တစ်ခုခု တန်းဝင်သွားရင်တော့ [Hunger For Blood] ကို သုံးလို့ ရပါပီနော်. -နောက် တစ်ဆင့်အနေနဲ့ ဘာလုပ်ရမှန်းမသိ ဘူး မီးလင်းတဲ့ Spell နှိပ်တယ်ကွာဆိုတဲ့ Bro ဒေအတွက် က [Garrot] ထိုးပီး [Hunger For Blood] တင်အပီးမှာ Combo point ၁ လုံးကြီးများတောင် Target မှာ ရှိနေမှာပါနော်. ၁လုံးလဲ အထင်မသေးနဲ့ ကိုယ့် ဆရာ သူ့နေရာ နဲ့သူ အသုံးသိပ်ဝင်သပ.ကဲ အဲ့ Combo point ၁ လုံးကြီးရှိနေတာကို ကျွန်တော်က တော့ [Slice and Dice] ဆိုတဲ့ Melee attack speed တိုးတဲ့ ဟာလေး ကောက်တင်လိုက်ရော ၁ လုံး စာ ဆိုတဲ့ အတွက် ၉ စကန့် စာတောင်ရမှာဗျ .ဒီ နေရာမှာ အရေးကြီးတဲ့ အချိန်ရောက်လာပါပီနော် သူပေးထဲ့ ၉စကန့်အတွင်းမှာ Target ကို Combo point စောင့်တက် သွားအောင် [Mutilate] နဲ့ ပိတ်စော် ထဲ့တာ ကျွန်တော်က တော့ အဲ Rampage Combo ရပီဆိုရင်တော့ Talent တစ်ခု လုံး ရဲ့ Main spell [Envenom] ရိုက်ဖို့  ကိုယ်ချေင်းရပါတော့မယ်. ရိုးရိုးတန်းတန်းမရိုက်ဘူး ဗျာ Crit ထအောင်လို့  [Cold Blood] တင်ရိုက်မယ် ကျေနပ်လား အဲ့ လို မေးပီးချ Target ကို ကဲ ဒီနေရာမှာ [Envenom] ကို ခုနက ၉စကန့် အတွင်းရိုက်လိုက်တယ်ဆိုရင်တော့ဖြင့် [Slice and Dice] က Auto Reset အနေနဲ့ 20 sec Effect ၀င်သွားမှာပဲ ဖြစ် ပါတယ် Thug life , -အပေါ်က ဖော်ပြခဲ့ အတိုင်းရှင်းရှင်းလေး ပဲ Rotation က တော့ Rampage combo ရတိုင်း [Envenom] ကို နဲ့ ထိုင်ရိုက် ရ မှာက သင့်တာဝန်ဖြစ်သွားပါပီ 😄 .ကဲ ဒီမှာ ရှိသေးတယ် Energy တတ်တာ နည်းလို့  အားမရရင် [Vanish] နဲ့ Combat ထဲမှာ ဖျောက်လိုက်ဗျာ.တစ်ချိန်တည်းမှာပဲ [Overkill] ဆိုတဲ့ Energy ကို 30 % regenerate လုပ်ပေးတာလေး တတ်လာလိမ့်မယ်.အဲ့တာလေးနဲ့ ၃ စက္ကန့်လောက် ဇိမ်ယူလိုက်ဦး အဲ ပီးရင် Ambush နဲ့ ပြန်ဝင်.Ambush နဲ့ ပြန်ဝင်ပီးတာတောင် [Overkill] လေးက Sec 20 စာ ပါလာဦးနော် အကြိုက်ပဲ သွတ်ပေတော့ 😛 အရေးအကြီးအဆုံးပြောရ အုံးမယ်ဆို [Envenom] လေး ကို ရတိုင်းရိုက်ဖို့  မမေ့နဲ့နော် ❤️ ****ပထမဆုံး အကြိမ် Guide လေးရေးဖူးတာ မလို့  အမှားပါရင် ခွင့်လွှတ်ပါခင်ဗျ******* ရေးသားသူ-ခေးတို့ ချစ်တဲ့ Poutsa
  7. မည်သည့် Class ကိုပဲ ကစားကစား မဖြစ်မနေသိထားသင့်တဲ့အကြောင်းလေးတွေပါ။ Newbie တွေအတွက် အဓိကထား ပါတယ်။ Spell hit cap = 17% ( hit % of your char + hit % from talent tree) Melee Special strike hit cap = 8% Melee auto attack offhand hit cap = 27% သင့်ရဲ့ Melee attack % ကို လိုချင်ရင် 27% - ( Hit % of your character + hit % from talent tree) = Miss % of melee attack Expertise cap for tank = 26 Expertise cap for mdps = 20 MDPS တွေအနေနဲ့ သတိထားရမှာက မည်သည့် Boss fight encounter မှာမဆို Boss ကို Back ကနေ attack ပေးရမှာပါပဲ ။ ( မှတ်ချက် ။ ။ Dragon တွေက်ု ချမယ်ဆိုရင်တော့ ဘေးဘက်ကနေသာ attack ပေးရပါမယ်။ ) Boss dummy ကို ရှေ့တည့်တည့်ကနေ ရိုက်ကြည့်ပါ။ သတ်မှတ်ချိန် တစ်ခုထားပြီး ရိုက်ပြီးတဲ့အခါ Recount ရိုက်ကြည့်ပါ။ Boss dummy ကို နောက်ကနေရိုက်ကြည့်ပါ။ တူညီတဲ့ သတ်မှတ်ချိန် အတိုင်းရိုက်ပြီးတဲ့အခါ Recount ရိုက်ကြည့်ပါ။ ရှေ့ကနေ ရိုက်တဲ့အခါ hit block % အပြင် Parry ကိုပါ မြင်ရပါလိမ့်မယ်။ နောက်ကနေရိုက်တဲ့အခါ hit block မရှိတော့တဲ့အပြင် Parry ကိုပါ မမြင်ရတော့ပါဘူး။ Boss သည် ရှေ့က ဝင်လာတဲ့ Attack ကို Dodge လုပ်နိုင်သလို Parry လည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် နောက်က ဝင်လာတဲ့ attack ကိုတော့ Dodge သာလုပ်နိုင်ပြီး Parry မလုပ်ပါဘူး။ ဒါကြောင့် MDPS တွေကTank လောက် Expertise ထည့်စရာမလိုပါဘူး။ Tank တွေအနေနဲ့ မဖြစ်မနေသိထားရမှာက Taunt ခေါ်တဲ့ Spell တွေဟာ Spell count ဖြစ်ပြီး hit 17% လိုတယ်ဆိုတာပါပဲ။ ဒါကြောင့် မည်သည့် Tank အတွက်မဆို Taunt ခေါ်တဲ့ Spell အတွက် hit 8% ထပ်ပေါင်း ပေးတဲ့ Glyph တွေ အသီးသီးရှိပါတယ်။ successful chance 8% ပေါင်းပေးတယ်လို့ Glyph မှာ ရေးထားတာက Hit 8% ကို အဲ့ Spell အတွက် ထပ်ပေါင်းပေးတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ *** Warrior လို Class သည် Hit 8% အပြင် talent က hit 3% ပေါင်းတာပါယူပြီး ကစားလိုက်ရင် အဆင်ပြေနိုင်ပေမယ့် Rogue သည် ထိုမျှလောက်နှင့် လုံးဝ အဆင်မပြေပါ။ Rogue ရဲ့ Poison သည် Spell တစ်ခုအနေနဲ့ Count လုပ်သောကြောင့် မည်သည့် Rogue မဆို Hit 12% အပြင် Talent မှ hit 5% ပေါင်းတာကိုပါ ယူရပါတယ်။ offhand attack Miss များလေ Dmg ကျလေပါပဲ။ နောက်ပိုင်း Rogue PVE guide ရေးဖြစ်တဲ့ အခါ အသေးစိတ် ရှင်းပြပါဦးမယ်။ Hit % ကို 27% ရောက်အောင်အထိ လုပ်ဖို့လည်း လုံးဝမလိုပါ။ *** #Lagerthaz
  8. pvelay
    Welcome to Pages
    Welcome to Pages! Pages extends your site with custom content management designed especially for communities. Create brand new sections of your community using features like blocks, databases and articles, pulling in data from other areas of your community. Create custom pages in your community using our drag'n'drop, WYSIWYG editor. Build blocks that pull in all kinds of data from throughout your community to create dynamic pages, or use one of the ready-made widgets we include with the Invision Community. View our Pages documentation
×