Jump to content
Sign in to follow this  
pvelay

Raid Composition For 10 players by lagerthaz

Recommended Posts

 Raid Composition For 10 players

Raid Guide တွေအတွက် ဆို အရင်ဆုံး ဘယ် Boss ကို ဘယ်လိုချမယ်ဆိုတာထက် Raid composition ကို အကောင်းဆုံးဖွဲ့စည်းထားနိုင်ဖို့လိုပါတယ်။

2 Tank ( MT and OT ) 

3 Healers ( Holy paladin, Druid နဲ့ Disco priest ) 

2 MDPS ( Fury Warrior နဲ့ Reti Paladin သို့မဟုတ် Frost DK )

3 RDPS ( Ele Shaman,  MM or BM Hunter နဲ့ Arcane Mage ). 

မှတ်ချက်။    ။ Disco Priest သည် Shadow Talent နှင့်ပါ ကစားနိုင်အောင် Item ဆင်ထားရမည်။ သို့မဟုတ် Druid သည် Moonkin ကစားနိုင်ရမည်။ 

MT and OT 

MT ကို Pro-paladin သို့မဟုတ် Druid tank ကိုထားပြီး OT ကို Warrior သို့မဟုတ် DK ကိုထားဖို့သင့်ပါတယ်။ Warrior OT ထားရင် Stun Spell တွေရမည့်အပြင် Armor reduction 20% ပါရနေမှာပါ။ DK ကို OT ထားတဲ့အခါ Blood tank သုံးမလား Frost Tank သို့မဟုတ် Double Buff tank ကို သုံးမလားဆိုတာ တွေးရပါမယ်။ Blood Tank အနေနဲ့ ကိုယ်ပိုင် Healing ရှိပြီး Attack power 10% buff ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Physical dmg ကိုတော့ ခံနိုင်ရည်နည်းပါတယ်။ Frost DK သုံးရင်တော့ Spell dmg နဲ့ Physical dmg ကို မျှတစွာခံနိုင်ပြီး Healer တွေရဲ့ Healing ကိုတော့ Blood tank ထက်ပိုလိုအပ်ပါတယ်။ Raid support အနေနဲ့ Melee haste 20% ရမှာဖြစ်ပါတယ်။ Double buff Hybrid Tank သုံးမယ်ဆို Attack power 10% ရမည့်အပြင် Melee haste 20% buff ကိုပါရမှာဖြစ်ပါတယ်။ Raid Support ဘက် အရမ်းကောင်းပေမယ့် အားနည်းချက်ကတော့ တစ်ခြား Talent တွေထက် အနည်းငယ် Soft ဖြစ်နေတာပါ ( low gear DK ဆိုရင် သုံးဖို့မသင့်တော် ပါ) Raid မှာ DK တစ်ယောက်ပါသည့်အခါ boss ရဲ့ attack speed ကို Reduce ပေးမှာဖြစ်ပါတယ်။

MDPS

Fury warrior တစ်ယောက်ကိုတော့ မဖြစ်မနေ ထားသင့်ပါတယ်။ AOE constant dmg ရှိတဲ့အပြင် One Target မှာလည်း အဆင်ပြေတဲ့ dmg output ပေးနိုင်ပါတယ်။ Fury warrior သည် လိုအပ်တဲ့ Item ရှိမှ Dmg done ကောင်းသည်။

Retri Paladin 

Fury warrior လိုမျိုး AOE constant DMGရှိတဲ့အပြင် တစ်ခြားသော Safe spell များစွာရှိနေပါတယ်။ Fury warrior နဲ့ ယှဉ်တဲ့အခါ dmg output အနည်းငယ်နည်းပါလိမ့်မယ်။ ဒါပေမယ့် Item သိပ်မတောင်းပဲ dmg done ကောင်းကောင်းပေးနိုင်သော Class တစ်ခုဖြစ်ပါတယ်။ 

Frost DK 

OT ကို DK tank သုံးထားတဲ့အခါ Frost DK ကို မသုံးလည်း ဖြစ်ပါတယ်။ OT ကို DK မသုံးတဲ့အခါ Fury Warrior မရှိတဲ့အခါမှာတော့ Frost DK ကို မဖြစ်မနေသုံးသင့်ပါတယ်။ AOE dmg done က Boss encounter ရဲ့ Adds အနည်းအများအပေါ် မူတည်ပြီး ပြောင်းလဲန်ုင်သလို One Target Fight မှာတော့ Item နည်းနည်းနဲ့ Dmg done ကောင်းကောင်းပေးနိုင်တဲ့ Flexible ကျတဲ့ class တစ်ခုဖြစ်ပါတယ်။

RDPS 

Elemental Shaman

မဖြစ်မနေသုံးသင့်ပါတယ်။ အထက်ဖော်ပြပါ Healer တွေထဲမှာ Restro shammy ကို မသုံးခဲ့တဲ့အတွက်ပါ။ Heroism က မဖြစ်မနေလိုအပ်တဲ့ buff တစ်ခုဖြစ်နေလို့ပါ။ Totem ကိုတော့ Raid ရဲ့ class buff တွေအပေါ်မူတည်ပြီးချရုံပါပဲ။

Hunter 

Target Switch များလည်း dmg အများကြီး ကျမသွားပဲ trap လေးတွေသုံးပြီး လှလှပပ ကစားသွားနိုင်တဲ့ class တစ်ခုပါ။ MM talent သုံးရင် attack power 10% buff ရမှာဖြစ်ပြီး BM ဆိုရင်တော့ Dmg done 3% increase buff ရမှာဖြစ်ပါတယ်။Low gear မှာတော့ BM ကိုသာ recommand လုပ်ချင်ပါတယ်။ BM သည် item သိပ်မတောင်းပဲ Flexible ကျတဲ့ Talent ဖြစ်နေလို့ပါ။ T9 set effect ကလည်း BM ကို support ပေးထားတဲ့အတွက်ကြောင့်ပါ။

Mage 

ကျတော့် အကြိုက်ပြောပါဆို Arcane ပါပဲ။ Arcane သည် item လိုအပ်ချက်သိပ်မရှိပဲ ကစားနိုင်လို့ပါ။ ပြီးတော့ CC အနေနဲ့ Slow spell ပါပြီး တစ်ကယ့်ကို အသုံးဝင်တဲ့ spell တစ်ခုပါပဲ။ Fire mage မှာ TTW နဲ့ FFB ရှိပြီး နှစ်ခုလုံးက item လိုအပ်ချက်များလွန်းပါတယ်။ ဒါကြောင့် Arcane mage ကိုသာ Low gear နဲ့ Mid gear ကထိ ညွှန်းချင်ပါတယ်။ 

Healers

Holy Paladin

မဖြစ်မနေထားသင့်ပါတယ်။ မည်သည့်အခြေအနေမျိုးမှာမဆို Tank တွေကို Heal ဖို့ အကောင်းဆုံး Healer ပါပဲ။ Overheal Healer ပါ။

Disco Healer 

ဒါပေါ့ဗျာ။ LK Run တဲ့ Raid မှာ Disco မှ မပါရင် တကယ်ကို ခက်ခဲနေမှာပါ။ ကိုယ်တွေ့ပါပဲ။ Dmg reduction 3% ကို Raid တစ်ခုလုံးရမည့်အပြင်  Physical dmg reducion 12% buff ( Inspiration ) ကို Tank ဆီပေးထားနိုင်မှာဖြစ်ပါတယ် ။ Instant Shield နဲ့ incoming dmg တွေကို ဟန့်တားပေးနိုင်ပြီး Overheal healer တွေ HOT healer တွေ casting ဆွဲချိန်ရအောင် Shield နဲ့ Taunt ထားပေးမယ့် Healer ပါပဲ။ 

Druid

Rebirth ရပါမယ်။ Tree of life buff ရပါမယ်။ HOT နဲ့ Raid Heal တဲ့ Healer တစ်ယောက်ပါ။ Mana မလောက်တဲ့ ပြဿနာ အနည်းပါးဆုံး Healer ပါ။ 

အထက်ဖော်ပြပါ အကြောင်းအချက်တို့သည် General suggestion သာဖြစ်ပြီး ဒီအတိုင်း ဖွဲ့စည်းရမယ်လို့ လုံးဝ ကို မဆိုလိုပါ ။ Rogue နှင့်တွဲဖက်သည့် composition မပါခြင်းသည် Rogue ကို မကြိုက်နှစ်သက်ခြင်း လုံးဝ မဟုတ်ပါ။ 25 Raid composition တွင် Rogue သည် မဖြစ်မနေ ပါရမယ့် Class တစ်ခုဖြစ်ပါတယ်။ ကျတော် Run ခဲ့ရတဲ့ Raid composition အရ နဲ့ အခက်အခဲတွေအပေါ် အခြေခံပြီး ရေးသားခြင်းသာဖြစ်ပါကြောင်း။ Talent နဲ့ Rotation များအားလည်း နားလည်ပြီးသူများ အဖြစ်ယူဆ ကာ အတိုချုပ် သုံးနှုန်းထားခြင်းများလည်းရှိပါတယ်။ စာလုံးပေါင်း အမှား များရှိပါကလည်း သည်းခံပေးပါရန်။ 

#Lagerthaz

Share this post


Link to post
Share on other sites

Create an account or sign in to comment

You need to be a member in order to leave a comment

Create an account

Sign up for a new account in our community. It's easy!

Register a new account

Sign in

Already have an account? Sign in here.

Sign In Now
Sign in to follow this  

×