Jump to content
Sign in to follow this  
pvelay

The Lich King (Arthas Menethil) Lore by Tin Aung Yin

Recommended Posts

The Lich King (Arthas Menethil) အပိုင်း ၁

Lich King ဆိုသည်မှာ Scourge (အရိုးစု) Undead တွေအပေါ် စိတ်အလိုအတိုင်းစေခိုင်း စေစားနိုင်သည့် ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့ကို Lord of Scourge Army လို့လဲခေါ်ကြပါတယ်။ Lich King ဟာ Icecrown နယ်မြေက ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ Frozen Throne လို့လူသိများတဲ့ ရေခဲပလ္လင်ကြီးပေါ်ကနေ သူ့ရဲ့ Scourge တွေကို အမိန့်ပေးစေခိုင်းနေသူပါ။

Lich King ကို Dark Titan Sargeras ရဲ့တပည့်ဖြစ်တဲ့ Legionlord Kil'jaeden က Orc Shaman Ner'zhul ရဲ့ ဝိဥာည်ကိုအသုံးပြုပြီးဖန်တီးခဲ့တာပါ။ထို့ကြောင့် Ner'zhul ကို ပထမဦးဆုံး Lich King လို့ပြောလို့ရပါတယ်။ Kil'jaeden ရဲ့မူလရည်ရွယ်ချက်က undead army ကိုအသုံးချပြီး Legion အတွက် Azeroth ကိုတိုက်ခိုက်စေချင်တာပါ။ ဒါပေမဲ့ Lich King ဟာ Frostmourne sword နဲ့ထောင်ခြောက်ဆင်ပြီး Arthas Menethil ကို Death Knight အဖြစ်ဖန်တီးကာ Kil'jaeden ကိုသစ္စာဖောက်ဖို့ကြံစည်ခဲ့ပါတယ်။ Arthas နဲ့ Lich King Ner'zhul ရဲ့ဝိဥာဉ် ဟာ ပူးပေါင်းပြီးနောက်ပိုင်းမှာ Icecrown ရဲ့အရှင်သခင် Lich King ဟာ Arthas ဖြစ်လာခဲ့ပါတယ်။ Frostmourne ဓားကျိုးပျက်၍ Lich King Arthas သေဆုံးပြီးသည့်နောက်မှာတော့ တစ်ချိန်က Fordragon Hold ရဲ့ ခေါင်းဆောင် Highlord of Alliance ဖြစ်ခဲ့ဖူးတဲ့ Bolvar Fordragon က Lich King ရဲ့စွမ်းအားတွေကိုဆက်ခံကာ Frozen Throne မှာ Scourge တွေရဲ့အရှင်သခင်အဖြစ်ကိုဆက်ခံလိုက်ပါတော့တယ်။

Prince Arthas

Lich King တွေထဲကမှ Arthas ဟာစွမ်းအားအကြီးဆုံး Lich King ပါ။ Lich King မဖြစ်ခင် Lich King Ner'zhul ရဲ့ ပထမဦးဆုံး Death Knight ဖြစ်လာခဲ့ပြီး ထိုစဉ်ကတည်းက သူမတူအောင်စွမ်းအားကြီးပြီး Azeroth တစ်ခွင်ဖိန့်ဖိန့်တုန်အောင်ကြောက်ရွံခြင်းခံခဲ့ရတာပါ။
မင်းသား Arthas Menethil ကို Lordaeron ဘုရင် Terenas Menethil ll နဲ့ မိဖုရား Lianne Menethil တို့က first war မတိုင်ခင် ၄နှစ်လောက်အလိုမှာမွေးခဲ့တာပါ။ Arthas ဟာ Azeroth ကိုစစ်ပွဲတွေက ဝါးမြိုနေတဲ့အချိန်အတွင်းမှမွေးဖွားခဲ့တာဖြစ်ပြီးငယ်စဉ်က lordaeron မှာလာရောက်ခိုလှုံနေတဲ့ Stromwind မင်းသား Varian Wrynn နဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။

ငယ်စဉ်က Dwarf ဘုရင် Magni Bronzebeard ရဲ့ညီ Muradin Bronzebeard ရဲ့သင်ကြားပြသမှုတွေကြောင့် ထူးချွန်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အသက် ၁၉နှစ်အရွယ်မှာ Uther the Lightbringer ထံမှာ ဆက်လက်ပညာဆည်းပူးခဲ့ပြီး Knights of the Silver Hand အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ဝင်အဖြစ်လက်ခံသည့်ပွဲကို Stormwind City ရဲ့ Cathedral of Light မှာပြုလုပ်ခဲ့ပြီး ထိုပွဲမှာပဲ Light's Vengeance လို့ခေါ်တဲ့ holy mace ကိုအပ်နှင်းခြင်းခံရပါတယ်။ Arthas ဟာ စစ်သားတစ်ယောက်ဖြစ်လာချိန်ထိ ခေါင်းမာပြီး ကမူးကရူးထိုးလုပ်တတ်တဲ့အကျင့်ရှိသူပါ။
တိုက်ပွဲများစွာတိုက်ခိုက်ရင်းမှာပဲ Arthas ဟာ Daelin Proudmoore ရဲ့အငယ်ဆုံးသမီး မှော်ဆရာမလေး Jaina နဲ့တွေ့ဆုံခဲ့ပါတယ်။ ထိုနှစ်အတောအတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ Rometic ဆန်တဲ့ ဇာတ်လမ်းတွေဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အင်မတန်ချစ်မြတ်နိုးကြသူတွေပါ။ ထိုအတောအတွင်းမှာပဲ သူတို့နှစ်ဦးဟာ အတူတကွလက်တွဲဖို့ ကြံစည်ခဲ့ကြပေမဲ့ အခြေနေအချို့ကြောင့် အချစ်ဇာတ်လမ်းတစ်ခန်းရပ်ခဲ့ရပါတယ်။ Jaina က မှော်ပညာတွေဆက်လက်လေ့လာဖို့အတွက် Dalaran ကိုထွက်သွားခဲ့ပြီး Arthas သည်လဲ Lordaeron ကိုပြန်ခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး အချစ်ဇာတ်လမ်းပြန်စခဲ့ကြပေမဲ့ ကံမကောင်းစွာပဲ ထိုအချိန်ဟာ Scourge စစ်တပ်ကြီး ကျူးကျော်မှု စတင်နေတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ထိုအကြောင်းအရာက သူတို့ နှစ်ဦး၏ဘဝကို ထာဝရ ဝေးကွာစေခဲ့လိမ့်မည်ဆိုတာ ထိုစဉ်က သူတို့တကယ်မသိခဲ့ကြတာပါ။

 

The Lich King (Arthas Menethil) အပိုင်း ၂

Lordaeron အတွက် ကြမ္မာဆိုးတွေကတော့ ထူးဆန်းတဲ့ ပလိပ်ရောဂါအဖြစ် ဝင်ရောက်လို့လာခဲ့ပါပြီ Arthas နဲ့ Uther ဟာ Strahnbrad town ကိုသွားရောက်ခဲ့ပြီး Internment Camp ကလွတ်မြောက်လာတဲ့ orc တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ ငယ်ရွယ်လှတဲ့ မင်းသား Arthas ဟာ black drake Searinox ကိုအနိုင်ယူနိုင်ခဲ့ပြီး ထိုနဂါးရဲ့ နှလုံးသားကို Dwraf Dragon Hunter Feranor Steeltoe ဆီယူဆောင်ပြီး မီးနဲ့ပြုလုပ်တဲ့ မှော်ပစ္စည်းအဆောင်တစ်ခုအဖြစ်ပြုလုပ်ခဲ့ပါတယ်။ ထိုမှော်အဆောင် ကိုအသုံးပြုပြီး Arthas ဟာ Blackrock မျိုးနွယ်ရဲ့ဓားဘုရင် ဦးဆောင်တဲ့ Orc raid ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ Blackrock Clan ဆိုသည်မှာ First war အတွင်းက Gul'dan ရဲ့တပည့် Blackham ဦးဆောင်တဲ့မျိုးနွယ်ဖြစ်ပြီး Horde မှာအာဏာအပြင်းဆုံးအဖွဲ့လဲဖြစ်ပါတယ်။
ထိုသို့အနိုင်ယူနိုင်ခဲ့သော်လဲ Lordaeron ရဲ့ ခြောက်ခြားဖွယ် Undead ပလိပ်ရောဂါဟာ ပပျောက်သွားခြင်းမရှိပဲပို၍အခြေနေဆိုးလာခဲ့ပါတယ်။ ထို့ကြောင့် Jaina နှင့် Captain Falric တို့ဟာ ပလိပ်ရောဂါအတွက် အဖြေရှာဖို့ Arthas နဲ့ လာရောက်ပူးပေါင်းကြပါတယ်။ ထိုအချိန်မှာ မင်းသား Arthasဟာအသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်သည်။ Arthas တို့အဖွဲ့ဟာ ပလိပ်ရောဂါပြန့်နှံနေတဲ့ နယ်မြေထဲမှာ Undead တွေနဲ့ အကြိမ်ကြိမ် အနီးကပ်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ Tirisfal Glade က Brill မြို့ (ယခု undercity အဖွဲ့၏ brill ရွာ) အနားမှာ necromancer Kel'Thuzad နဲ့ ရင်ဆိုင်တွေ့ခဲ့ကြပြီး Andorhal အထိမျှားခေါ်ခဲ့ကြပါတယ်။

Andorhal မှာရှိတဲ့ ဂျုံနဲ့စားနပ်ရိက္ခာတွေဟာ အဆိပ်ကဲ့သို့ ရောဂါပိုးတစ်မျိုး ပျံ့နှံ့နေခဲ့ပြီး ယခင်ကတည်းက ထိုရိက္ခာတွေဟာ မြို့ပြင်က လူသူကင်းမဲ့လျက်ရှိတဲ့ ရွာနီးခြောက်စပ် တွေမှာပြန့်ကျဲလျက်ရှိနှင့်ခဲ့ပြီးဖြစ်သည်။ Kel'Thuzad နဲ့ တပ်ဖွဲ့တွေဟာ ထိုရောဂါမျိုးကူးစက်ခံစားရပြီး ခွန်အားချိနဲ့နေစဉ် Arthas က Kel'Thuzad ကိုအနိုင်ယူနိုင်လိုက်ပါတော့တယ်။ Kel'Thuzad ဟာမသေခင် မှာ Scourge တပ်ရဲ့ခေါင်းဆောင် Nathrezimdemon ဖြစ်တဲ့ Mal'Ganis အကြောင်းပြောပြသွားခဲ့တဲ့အတွက် Jaina နဲ့ Arthas တို့ဟာ Mal'Ganis ကိုရင်ဆိုင်ဖို့အတွက် Stratholme City ကိုထွက်ခွာခဲ့ကြပါတယ်။ (Eastern Plague Land က SW မြို့ကြီးနဲ့တူတဲ့ Dun ပါ) 

Arthas နဲ့ Jaina တို့ဟာ Hearthglen Village မှာခဏတဖြုတ်နားဖို့ စီစဉ်ခဲ့ကြပေမဲ့ မမျှော်လင့်ပဲ ရွာနားချဉ်းကပ်လာတဲ့ undead တပ်တွေကြောင့် သူတို့ဟာအရေးပေါ်အခြေနေစီစဉ်ခဲ့ရပါတယ်။ (movie ထွက်ဖြစ်ရင်တော့အဲ့ဒီအခန်းမှာ Rometic ဆန်ဆန် ဖြစ်မလား ဘာညာဘာညာဆန်မလားမပြောတတ် 1f61b.png😛 )
Arthas က Jaina ကို Uther ဆီအမြန်သွားဖို့ပြောခဲ့ပြီး သူကိုယ်တိုင်ကတော့ ရွာငယ်လေးကခံတပ်ကိုကာကွယ်ရင်းကျန်ရစ်ခဲ့ပါတယ်။ ထိုသို့ကာကွယ်နေစဉ်မှာပဲ Arthas ဟာခြောက်ခြားဖွယ်ရာအဖြစ်အပျက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ တကယ်တော့ undead တွေဟာ သွေးဆာနေတဲ့လူသတ်သမားစစ်စစ်တွေမဟုတ်ကြပါဘူး ပလိပ်ရောဂါကြောင့် အပြစ်ကင်းတဲ့မြို့သားတွေဟာ ပုံစံပြောင်းလဲသွားပြီး ရူးသွပ်တဲ့ Undead Scourage တွေဖြစ်သွားရတာပါ။ Arthasရဲ့တပ်ဖွဲ့တွေဟာ အင်အားမမျှပေမဲ့ ကြံကြံခံကာ ခံတပ်ကိုကာကွယ်ရင်း ကျရှုံးလုဆဲဆဲမှာပဲ Uther တို့အဖွဲ့ရောက်ရှိလာခဲ့တာကြောင့် ရွာငယ်လေးကိုကာကွယ်နိုင်ခဲ့ကြပါတယ်။

Stratholme ကိုသွားနေစဉ်မှာပဲ Arthas သည် ထူးဆန်းတဲ့တမန်တော် Medivh နှင့်တွေ့ဆုံခဲ့ရလေသည်။ Medivh က Arthas အဖေ Terenas ကိုသတိပေးခဲ့သလိုပဲ Eastern Kingdom ကိုစွန့်ခွာဖို့နဲ့ Kalimdor မှာအခြေချဖို့ သတိပေးခဲ့ပြန်ပါတယ်။ Arthas ကငြင်းပယ်ပြီး ဒီနေရာမှာ သူ့ပြည်သူတွေများစွာရှိကြောင်း ဘယ်လိုအန္တရာယ်မျိုးပဲကျရောက်ပါစေ သူ့ပြည်သူတွေကို သူပစ်ထားခဲ့မှာမဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့လေသည်။ Jaina ကတော့ တမန်တော်ရဲ့အကြံပြုချက်မှာလက်ခံသင့်ကြောင်းတိုက်တွန်းပေမဲ့ Arthas ကလက်မခံပဲ Stratholme အရောက်ချီတက်ခဲ့ပါတော့တယ်။ 

Arthas နဲ့အဖွဲ့ဟာ Stratholme ကိုရောက်ချိန်မှာပဲ ရောဂါပိုးတွေဟာပြန့်နှင့်နေပြီး မြို့သားတွေဟာလဲ မကြာခင်မှာ undead zombie တွေအဖြစ်ပြောင်းလဲတော့မှာ ကိုတွေ့ရှိခဲ့ကြပါတယ်။ ထို့ကြောင့် Arthas ဟာ Uther နဲ့သူ့စစ်သည်တွေကို တစ်မြို့လုံးရှိသမျှရှင်းလင်းသုတ်သင်ဖို့ အမိန့်ပေးခဲ့လေသည်။ ထိုအခါ Uther မှာအလွန်အံ့အားသင့်သွားပြီး Arthas ရဲ့အမိန့်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမှုပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် Uther က ထိုအမိန့်မျိုးကို Arthas ဟာ မင်းသားတစ်ပါးအနေနှင့်မဟုတ်ပဲ ဘုရင်တစ်ပါးအနေဖြင့် အမိန့်ပေးလျှင်ပင် မိမိအနေဖြင့်လက်မခံနိုင်ဟု ယတိပြတ်ငြင်းဆိုခဲ့လေသည်။ ထိုငြင်းဆိုမှုကြောင့် Arthas က Uther ကိုသစ္စာဖောက်အဖြစ်ကြေငြာခဲ့ပြီး Knights of the Silver Hand အဖွဲ့နှင့်ပါလက်တွဲဖြုတ်ခဲ့ပါတယ်။ Arthas အတွက်အံ့အားသင့်စရာတစ်ခုက ချစ်သူဖြစ်တဲ့ Lady Jaina Proudmoore ကပါသူ့ရဲ့ အမိန့်ကိုဆန့်ကျင်ပြီး Uther နဲ့အတူနောက်ကြောင်းပြန်လှည့်ခဲ့တာပါ။ ထို့ကြောင့် မြောက်မြားစွာသောစစ်သားတွေဟာ Uther နဲ့ Jaina တို့နောက်လိုက်ပါသွားခဲ့ကြလေသည်။ Arthas နှင့်အတူလူယုံအချို့သာကျန်ရှိခဲ့ပြီး နောက်ဆုံးမှာ Stratholme မှရောဂါကူးစက်ခံရသူတွေကိုရှင်းလင်းပြီး မြို့ကိုပါမီးရှို့ဖျက်ဆီးလိုက်ကြပါတော့တယ်။ Stratholme ကမြို့သားတွေဟာ ကူးစက်ရောဂါ ခံစားနေရသည့်ကြားမှ Arthas တို့အဖွဲ့တွေရဲ့ ဓားသွားတွေအောက်မှာ အော်ဟစ်ငိုယိုနေကြရတဲ့အသံတွေဟာ Lordaeron ရဲ့ အရှေ့မြောက်နယ်မြေတစ်ခွင်လုံးပျံ့နှံ့လျက်ရှိပါတယ်။ ကြောက်မက်ဖွယ်ရာအော်ဟစ်သံတွေ အမျိုးသမီးတွေရဲ့ကယ်ပါယူပါအော်ငိုသံတွေ ကလေးငယ်တွေရဲ့ အော်ဟစ်သံတွေဟာ Arthas စစ်သည်တွေရဲ့ မြင်းခွာသံနဲ့ဓားချက်တွေအောက်မှာငြိမ်ကြသွားကြပါတော့တယ်။

Arthas ဟာ Stratholme ကလူတွေကိုမသတ်ခင်မှာ Mal'Ganis နဲ့တွေ့ခဲ့ပါတယ်။ Mal'Gains က သေအံ့ဆဲဆဲ ပလိပ်ရောဂါသည်တွေရဲ့ soul တွေကို Scourage Army အတွက်အသုံးချဖို့ရောက်နေတာဖြစ်ပါတယ်။ Mal'Gains ရဲ့လုပ်ရပ်တွေမပြီးမြောက်ခင်မှာပဲ Arthas က အကုန်လုံးကိုရှင်းလင်းပစ်ခဲ့ပြီး နောက်ဆုံးမှာတော့ Mal'Gains နဲ့ထိပ်တိုက်တွေ့ပါတော့တယ်။ Arthas ရဲ့ခြေကန်ချက်ကြောင့် Mal'Ganis ဟာဝေးရာသို့လွင့်စင်သွားခဲ့ပြီး Arthas ကိုနောက်တစ်ကြိမ်ထပ်မံတွေ့ဆုံဦးမည်ဟုကျိန်းဝါးကာ Northrend ကိုထွက်ပြေးခဲ့လေသည်။ 

Arthas နဲ့သူ့ရဲ့စစ်သည်တွေဟာ Mal'Ganis နောက်ကိုထပ်ခြပ်မကွာ လိုက်ခဲ့ကြပြီး တစ်လလောက်အကြာမှာတော့ Daggercap ပင်လယ်ကွေ့ကိုရောက်လာခဲ့ကြပါတယ်။ ထိုနေရာမှာသူတို့အတွက်သင့်တော်မဲ့ စခန်းတစ်ခုတည်ဆော့ဖို့ကြံပါတယ်။ နောက်ပြီး Northrend မှာရောက်နေတဲ့ ခြေသလုံးအိမ်တိုင် Dwarf တွေနဲ့ အထင်မှားပြီး တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပါသေးတယ်။ ၎င်း Dwarf တွေကိုဦးဆောင်သူမှာ Arthas ငယ်စဉ်က ပညာသင်ယူခဲ့တဲ့Muradin Bronzebeard ပဲဖြစ်ပါတယ်။ ပထမတော့ Muradin က Arthas ဟာ runeblade Frostmourne ကိုရှာဖွေဖို့လာတဲ့ သူ့လူတွေကို လာရောက်ကူညီသူလို့ ထင်မှတ်ခဲ့တာပါ။ Arthas ကထိုအချက်ကို ချော်လဲရောထိုင်ပြုလုပ်ခဲ့ပြီး အနီးဝင်ကျင်က undead စခန်းတွေကို အတူတကွ ရှင်းလင်းတိုက်ထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထိုအချိန်တွေထိ Mal'Ganis ရဲ့အရိပ်အယောင်ကိုမတွေ့ခဲ့ပါဘူး။

များမကြာမီမှာပဲ Lordaeron ကလွှတ်လိုက်တဲ့ zeppelin ဟာ Northrend ကိုရောက်ရှိလာခဲ့ပါတယ်။ Zeppelin Captain Luc Valonforth ဟာ Uther နဲ့ ဘုရင်ကြီးTerenas ဆီကအမိန့်ကိုယူဆောင်လာသူပါ။ Arthas ကိုလက်ရှိလုပ်လက်စအလုပ်တွေရပ်တန့်ပြီး Lordaeron ကိုပြန်လာခဲ့ဖို့ခေါ်တဲ့အကြောင်း သတင်းလာပါးခဲ့ပေမဲ့
Muradin နဲ့ Arthas တို့ဟာ Frostmourne ဓားကိုရှာဖွေဖို့ ခရီးပြင်နှင်နေပြီဖြစ်ပါတယ်။ Arthas စခန်းကိုပြန်ရောက်လာချိန်မှာတော့ သူ့လူတွေဟာ အခြေစိုက်စခန်းတွေကို ဖျက်သိမ်းပြီး အိမ်ပြန်ခရီးအတွက်သင်္ဘောတွေပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ Arthas ကတော့ Mal'Ganis ကိုမသတ်နိုင်သရွေ့ Northrend ကတစ်ဖဝါးမှမခွာနိုင်ဟု ခေါင်းမာပြီး ရင်းနှီးခဲ့ဖူးတဲ့ဒေသခံကြေးစား အချို့ကို ခေါ်ယူကာ သဘောင်္တွေကိုဖျက်ဆီးဖို့စေခိုင်းခဲ့ပါတယ်။ စစ်သည်တွေဟာ သင်္ဘောတွေဆီရောက်လာချိန်မှာတော့ Arthas က သူ့ရဲ့ကြေးစားတွေကို တစ်ဖန်သစ္စာထပ်ဖောက်ပြီး သတ်ဖြတ်ခဲ့ပါတယ်။ Muradin ဟာလဲအတွင်းလူပါနေတာမသိခဲ့ပဲ ကြေးစားတွေကိုကြီးစွာစိတ်ဆိုးဒေါသဖြစ်ခဲ့ပြီး ကြေးစားခေါင်းဆောင်ကို ဇီဝိန်ခြွေခဲ့ပါတယ်။ Arthas ကသူ့ရဲ့လူတွေကို ယခုအချိန်မှာ အိမ်ပြန်ဖို့မဖြစ်နိုင်သေးကြောင်း နဲ့ Northrend မှ ထွက်ခွာဖို့အကောင်းဆုံးနည်းလမ်းက မိမိတို့ဟာ ရန်သူကိုအမြစ်ပြတ်ချေမှဖြစ်မည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြွေးကြော်ပါတော့တယ်။ 
Arthas ၊ Muradin နဲ့ သူတို့ရဲ့စစ်သည်အနည်းငယ်ဟာ Ancient Gateway ကိုဖြတ်ပြီး ဒဏ္ဏာရီလာ Frostmourne တည်ရှိရာနေရာအနီးသို့ရောက်ရှိလာခဲ့ကြပါတယ်။ ထိုအချိန်မှာပဲ Frostmourne ကိုစောက်ရှောက်ကြတဲ့ Guardian တွေက Arthas ကိုဆက်မကြိုးစားဖို့နည်းအမျိုးမျိုးဖြင့်တားဆီးကြပါတယ်။ခက်ခဲတဲ့ အစောင့်တွေကိုဖြတ်ကျော်အနိုင်ယူခဲ့ပြီး Arthas နဲ့ Muradin တို့ဟာသူတို့ရဲ့ဆုလာဘ်ဆီကိုရောက်လာခဲ့ကြပါတယ်။ Frostmourne ဆီအရောက်မှာတော့ Muradin ကရေခဲပေါ်မှ ကျိန်စာကဲ့သို့သော သတိပေးစာကို သတိပြုမိခဲ့ပါတယ်။ ဓားဟာ ကျိန်စာသင့်နေခဲ့ပြီး ကိုင်ဆောင်မည့်သူဟာ ထိုကျိန်စာဆိုးကိုဆက်လက်ခံစားရမှာဖြစ်ကြောင်းသတိပေးထားတာပါ။ ထို့ကြောင့် Frostmourne ကိုအသည်းအသန်လိုချင်လို့ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံနေတဲ့ Muradin ဟာတုန်လှုပ်သွားပြီး 

"အိုး, Arthas ရေ.. ဒီကိစ္စဒီမှာပဲရပ်လိုက်တော့! ဒါတွေကိုမေ့ထားပြီး မင်းလဲမင်းလူတွေကိုခေါ် ငါတို့အိမ်ပြန်ရအောင်!"

ဟုပြောလေသည်။ ဒါပေမဲ့ Arthas ကလက်မခံပဲ cavern ရဲ့ဝိဥာည်ကိုခေါ်ယူကာ ဓားကိုရေခဲထုထဲမှထုတ်ခိုင်းလေသည်။ ထိုစဉ်မှာပဲ ကံမကောင်းစွာဖြင့် Muradin ဟာ rogue shard of ice ရဲ့ တိုက်ခိုက်ခြင်းခံရကာ သေဆုံးသွားလေတော့သည်။ Arthas က Muradin ကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့ Frostmourne က သူ့ရဲ့ အာရုံတွေကိုဖမ်းစားထားခဲ့ပါတယ်။ Arthas ကသူ့ရဲ့ holy warhammer လို့ခေါ်တဲ့ Light's Vengeance (SE Q လုပ်သူများတွေ့နိုင်) ကိုစွန့်ပစ်ထားခဲ့ပြီး Frostmourne ကိုကောက်ကိုင်လိုက်ပါတော့တယ်။ နောက်ပြီး Muradin ကိုထားခဲ့ကာ စခန်းကိုပြန်လာခဲ့ပါတော့တယ်။ Arthas ဟာ Frostmourne ကိုကိုင်စွဲပြီး Mal'Ganis ရဲ့ ကိုယ်ရံတော်တွေကို သတ်ပစ်နိုင်ခဲ့ပါတယ်။ Frostmourne ကိုကိုင်ဆွဲပြီးမကြာခင်မှာပဲ Arthas ဟာ Lich King Ner'zhul ရဲ့အသံတွေကိုနားထဲကြားနေရပြီး စိတ်အာရုံထွေပြားမှုတွေမကြာခဏ ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Arthas ဟာသူရဲ့ စစ်သည်တွေကိုစွန့်ခွာခဲ့ပြီး အနည်းငယ်ကျန်ရှိနေသောအသိစိတ်ပါပျောက်ကွယ်ပြီး တစ်ယောက်ထဲထွက်ခွာသွားခဲ့ပါတော့တယ်။ လပေါင်းများစွာကြာပြီးနောက် Lordaeron ကို Arthas တစ်ယောက်ပြန်ရောက်လာခဲ့ပါတယ်။ ဘုရင်ကြီးနဲ့ တိုင်းသူပြည်သားတွေဟာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် တခမ်းတနားကြိုဆိုမှုပြုခဲ့ကြပါတယ်။ Arthas ဟာ ဘုရင်ကြီး Terenas ထံအခစားဝင်ပြီး မထင်မှတ်ထားတဲ့အချိန်မှာပဲ Frostmourne ဓားဖြင့်လုပ်ကြံသတ်ဖြတ်လိုက်ပါတော့တယ်။ ထိုအချိန်မှစပြီး Lordaeron ဟာအုပ်ချုပ်သူ ဘုရင်မဲ့ဖြစ်ခဲ့ရပါတယ်။ သွေးစွန်းနေတဲ့ Terenas ရဲ့ သရဖူဟာ ယနေ့အချိန်ထိ ထူးဆန်းစွာပျောက်ဆုံးသွားပါတော့တယ်။
(Ingame ထဲက UC သွားတဲ့လမ်းက Terenas hall မှာ အသံချဲ့ပြီးနားထောင်ပါက ပဲ့တင်ထပ်နေတဲ့ Terenas နဲ့ Arthas တို့ရဲ့အသံတွေကိုကြားရမှဖြစ်ပါတယ်။)

 

The Lich King (Arthas Menethil) အပိုင်း ၃

Arthas ဟာ Vandermar မှာပုန်းအောင်းနေတဲ့ စက်ဆုပ်ဖွယ်အမူအကျင့်ရှိတဲ့ အောက်လမ်းဂိုဏ်းတွေကို သစ္စာခံစေပြီး ထိုသူတွေ၏ မှော်စွမ်းအင်တွေကိုအသုံးချဖို့အတွက် Kel'Thuzad ရဲ့အလောင်းရှိရာ Andorhal ကိုရောက်လာခဲ့ပါတယ်။ Uther ရဲ့ paladin အစောင့်တွေကိုရက်စက်စွာသတ်ဖြတ်ပြီး necromancer Kel'Thuzad ရဲ့ရုပ်ကျွင်းကိုရအောင်ယူခဲ့ကြပါတယ်။
Kel'Thuzad ရဲ့ ရုပ်ကျွင်းဟာဆိုးရွားစွာပျက်စီးနေခဲ့တဲ့အတွက် ပြင်ဆင်ဖို့ Quel'Thalas တိုင်းပြည်က Sunwell ကိုသွားရောက်လုယူပါတော့တယ်။ Sunwell ဆိုသည်မှာ Day Elf( High elf နဲ့ မျိုးနွယ်တူ Blood elf) တွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာလည်းဖြစ်ပါတယ်။ Night elf တွေအတွက် Moon well မရှိမဖြစ်လိုအပ်သလိုမျိုးပါ။ Arthas ဟာ Tichondrius ခိုင်းသမျှလိုက်လုပ်ပြီး Terenas ရဲ့ အရိုးပြာအိုးကိုလုယူဖို့ Knights of the Silver Hand အဖွဲ့ကိုတိုက်ခိုက် ခဲ့ပါသေးတယ်။ Arthas ဟာထိုတိုက်ပွဲမှာ Champion နှစ်ယောက်ဖြစ်တဲ့ Ballador the Bright နဲ့ Sage Truthbearer ကိုသတ်ဖြတ်ခဲ့ပြီး နောက် Uther the Lightbringer နဲ့ရင်ဆိုင်တွေ့ခဲ့ပါတယ်။ Uther က အရိုးပြာအိုးဟာ King Terenas ရဲ့အရိုးပြာဖြစ်ကြောင်း ဖခင်ရဲ့နောက်ဆုံးအကျွင်းအကျန်ကိုမနှောက်ယှက်ဖို့ နဲ့ မဖျက်ဆီးဖို့ အထပ်ထပ်အခါခါတောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ Arthas ရဲ့စိတ်ကိုစေစားနေတဲ့မကောင်းဆိုးဝါးဟာ Arthas ကိုကမ်းကုန်အောင် မိုက်မဲစေခဲ့ပြီး ဖခင်ကိုသာမက ငယ်ဆရာကိုပါ သတ်ဖြတ်ပစ်လောက် အောင်စေစားခဲ့ပါတယ်။ Uther ကမသေခင်မှာ

"ငါသေလိုငရဲရောက်မယ်ဆိုရင် အဲ့ဒီက အထူးပြုလုပ်ထားတဲ့နေရာမှာ... Arthas ငါမင်းကို..စောင့်နေမယ်" 
ဟု ပြောသွားခဲ့ပါသေးတယ်။

Quel'Thalas ကိုလုပ်ကြံစဉ်မှာတော့ သူမတူအောင်ကျွမ်းကျင်ပြီးအကင်းပါးတဲ့ Ranger-General Sylvanas Windrunner ရဲ့တပ်ဖွဲ့တွေဟာ Arthas ရဲ့ တပ်တွေကိုအပြင်းအထန်ခုခံပါတော့တယ်။
Undead စစ်တပ်ကြီးမလာခင် လမ်းခုလတ်မှကြိုတင်တားဆီးခဲ့ကြပေမဲ့ အင်အားခြင်းမမျှတတာကြောင့် Silvermoon မြို့ရိုးထိ ဆုတ်ခွာခုခံခဲ့ရပါတယ်။ Sylvanas က Arthas ရဲ့ တပ်ဟာထင်ထားတာထက်ပိုမိုကြီးမားကြောင်း Silvermoon ကိုအကြောင်းမကြားနိုင်ခင်မှာပဲ Arthas ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ Arthas ဟာ သူရဲ့တပ်တွေအထိနာခဲ့တာက တစ်ကြောင်း Sylvanas ရဲ့သူ့အပေါ် အရှက်ရလောက်အောင်တိုက်ခိုက်နိုင်ခဲ့တာတွေကြောင့် သူမနဲ့ သူမရဲ့elf တွေကို undead scourage တွေအဖြစ်ပြောင်းလဲပြီး banshee တွေအဖြစ် Lich King ရဲ့ကျေးကျွန်ဖြစ်စေကာ သူမရဲ့ silvermoon ကိုပြန်လည်တိုက်ခိုက်စေခဲ့ပါတယ်။.

အင်အားတိုးပွားလာတဲ့ Arthas ရဲ့တပ်ဖွဲ့ကြီးဟာ Silvermoon City ကို တစ်ဝက်ခန့်ခြေမှုန်း နိုင်ခဲ့ပြီး အပျက်အဆီးတွေကြားမှာပစ်ထားခဲ့ပါတယ်။ထို့နောက် Sunwell ဆီအရောက်မှာတော့ High King of Quel'Thalas, Anasterian Sunstrider ( Kael'thas Sunstrider ရဲ့ဖခင်) နဲ့တွေ့ဆုံ့ရင်ဆိုင်ပါတော့တယ်။ ထိုစဉ်က Kael'thas ဟာ Dalaran ရဲ့ Six Council မှာတာဝန်ထမ်းဆောင်နေခဲ့တာပါ။ Arthas ရဲ့စွမ်းအင်တွေဟာတစ်နေ့ထက်တစ်နေ့တိုးတက်လာနေပြီး ဘယ်လိုမှမယှဉ်နိုင်ပဲ Anasterian တစ်ယောက် အသက်ပေးလိုက်ရပါတော့တယ်။ထို့နောက် Arthas ဟာ Sunwell ကိုယူဆောင်လာခဲ့ပြီး Kel'Thuzad ကို undead lich အဖြစ်အသက်သွင်းခဲ့ပါတယ်။

နောက်လပေါင်းများစွာကြာတဲ့အခါမှာ Tichondrius ဟာGul'dan ရဲ့ ဦးခေါင်းခွံမှ arcane power ကိုရရှိဖို့ကြိုးစားချိန်မှာ Arthas ဟာ Kalimdorမှာ ပြန်ပေါ်လာခဲ့ပါတယ်။ Arthas က ထွက်ပြေးလာတဲ့ DemonHunter Illidan နဲ့တွေ့ပြီး Tichondrious ရှာဖွေနေတဲ့ skull ဟာမည်မျှစွမ်းအားရှိကြောင်း နှင့် Tichondrious ကိုသတ်ပေးမည်ဆိုပါက ထို skull ကိုပေးမည်ဖြစ်ကြောင်းပြောခဲ့ရာ Illidan ကသဘောတူခဲ့လေသည်။
Arthas ဟာတဖြည်းဖြည်းနဲ့ Lich King Ner'zhul ရဲ့စွမ်းအားတွေ လျော့နည်းလာတာကိုသတိပြုမိခဲ့ပါတယ်။အဘယ့်ကြောင့်ဆိုသော် Lordaeron မှာအစောင့်ချထားတဲ့ Banshee Queen Sylvanas အပေါ်အပြည့်အဝမထိန်းချုပ်နိုင်တော့သောကြောင့်ဖြစ်ပေသည်။ Sylvanas ဟာလည်း Lich king ရဲ့ စွမ်းအားလျော့ရဲလာတာကြောင့် Arthas ကိုလက်စားခြေဖို့အတွက် အကောင်းဆုံးအချိန်ရောက်ပြီဟုယုံကြည်ခဲ့လေသည်။ 
Arthas ဟာလုပ်ကြံမှုတစ်ချို့ခံခဲ့ရပြီး Banshee တွေရဲ့ကယ်တင်မှုကြောင့်လွတ်မြောက်ခဲ့ပေမဲ့ Sylvanas ကပရိယာယ်သုံး၍ ထပ်မံ လုပ်ကြံပြန်ပါတယ်။ ဒါပေမဲ့ Lich King က သစ္စာဖောက်ခံရကြောင်း သတိပေးခဲ့ပြီး Northrend ကိုလာရောက်တိုက်ခိုက်တဲ့ Illidan နဲ့ Naga Raid တွေကိုတားဆီးခုခံဖို့ အချိန်မှီပြန်ခေါ်ခဲ့ပါတယ်။
ထိုကြောင့် Arthas ဟာ Northrend ကိုအမြန်ပြန်လာခဲ့ပြီး Kil'jaden ကိုlordaeron မှာထားခဲ့ရပါတယ်။

သုံးပတ်အကြာမှာတော့ Arthas Northrend ကိုပြန်ရောက်လာခဲ့ပေမဲ့ ထိုအချိန်မှာပဲ မျှော်လင့်မထားတဲ့ Blood Elf တွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ ထို Blood Elf တွေကိုဦးဆောင်သူမှာ Anasterian Sunstrider ရဲ့သားဖြစ်သူ Kael'thas Sunstrider ဖြစ်ပါတယ်။ Kael'thas ဟာ Arthas ကို Silvermoon City ဖျက်ဆီးခံရမှုနဲ့ ဖခင်အသတ်ခံရမှုတွေကြောင့် လက်စားခြေလိုစိတ်ပြင်းပြနေခဲ့ပါတယ်။သို့သော်လဲ Arthas ကို မမျှော်လင့်ပဲ king of Azjol-Nerub ဖြစ်တဲ့ Crypt lord Anub'arak ရဲ့ကယ်တင်မှုကြောင့်အသက်ရှင်ခဲ့ရပါတယ်။ Anub'arak ရဲ့ခုခံမှုကို မထိုးဖောက်နိုင်တဲ့ Kael'thas က Arthas ကို ၎င်းတို့ဟာ အကြိုကင်းထောက်အဖွဲ့သက်သက်သာဖြစ်ကြောင်း ၎င်းတို့ရဲ့ ပင်မတပ်မကြီးကို Scourge တွေအနေနဲ့ အနိုင်မရနိုင်ဟု ပြောပြီး portal ဖွင့်ထွက်ခွာသွားခဲ့ လေသည်။ Arthas ဟာတုန်လှုပ်ခြောက်ခြားစွာဖြင့် မိမိအနေဖြင့် Icecrown ကိုထိုသူတို့ထက်ဦးအောင်မရောက်နိုင်ကြောင်းတွေးမိလေသည်။ သို့သော်လဲ Anub'arak က Azjol-Nerub Kingdom ရဲ့မြေအောက်လမ်းတွေကိုအသုံးပြုကာ Illidan ကိုကြားဖြတ်တိုက်ခိုက်ဖို့လမ်းပြလိုက်လေသည်။ ထို့အတွက် Anub'arak နဲ့ Arthas တို့ဟာ အပေးအယူအချို့ပြုလုပ်ခဲ့ကြပါတယ်။
Anub'arak ကမြောက်များစွားသော Malygos ရဲ့ blue dragon ကိုတိုက်ဖို့အကြံပြုခဲ့ပါတယ်။ ထို့နောက် Arthas ကသူ့မှာကျန်ရှိနေသေးတဲ့ Sapphiron power ကိုအသုံးပြုပြီး Dragon ကို စွမ်းအားမြင့် frost wyrm အဖြစ်ပြန်လည်နိုးထစေပါတယ်။ Azjol-Nerub ရဲ့တံခါးဝအရောက်မှာတော့ Arthas ကို တစ်ချိန်က Muradin ရဲ့နောက်လိုက်dwarf တွေက လက်စားချေဖို့အတွက် မီးကျည်တွေနဲ့ တိုက်ခိုက်ကြပါတယ်။ Dwraf တွေက Arthas ရဲ့ Muradin အပေါ်တာဝန်မဲ့ခဲ့တဲ့လုပ်ရပ်ကြောင့် ခံပြင်းဒေါသထွက်နေကြတာပါ။Muradin သေဆုံးပြီးနောက်မှာတော့ ထို Dwraf အဖွဲ့ကို Baelgun Flamebeard ကဆက်လက်ဦးဆောင်ရင်း လက်စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ Arthas ဟာ Baelgun's dwarves တွေနဲ့ ရင်ဆိုင်ခဲ့ရစုံသာမကပဲ nerubian survivors တွေနဲ့လဲ တိုက်ခိုက်ခဲ့ရပါသေးတယ်။ 

Arthas တို့ Upper Kingdom ကိုဆက်လက်ချီတက်ခဲ့ရာမှာတော့ ငလျင်လှုပ်ခတ်ပြီး Anub'arak နဲ့လူချင်းကွဲသွားခဲ့ပါတယ်။ Arthas ဟာ သူ့ရဲ့ဖြတ်ထိုးဥာဏ်ကိုအသုံးချပြီး ထိုစိတ်ပျက်စရာအခြေအနေကို အသည်းအသန်ကျော်လွှားခဲ့ရပါတယ်။ Anub'arak နဲ့ပြန်တွေ့နိုင်ခဲ့တဲ့အခါမှာတော့ Anub'arak ဟာ Ner'zhul Lich King ရဲ့ Arthas အပေါ် Champion of Death Knight အဖြစ်ရွေးချယ်မှုကို ကောင်းစွာနားလည်သဘောပေါက် သွားပါတယ်။ Azjol-Nerub ကနေထွက်ခွာနိုင်ခဲ့တဲ့အချိန်မှာတော့ Lich King က Arthas ကိုထပ်မံဆက်သွယ်ခဲ့ပါတယ်။ Lich King က Frozen Throne ဟာပေါက်ကွဲတော့မှာဖြစ်တာကြောင့် မိမိဟာစွမ်းအားလျော့နည်းလာပြီဖြစ်ကြောင်း ဆက်သွယ်အသိပေးခဲ့ပါတယ်။ Ner'zhul ဟာ Arthas ရဲ့စွမ်းအားတွေနဲ့သာ တိုက်ပွဲကိုရင်ဆိုင်နိုင်မှာဖြစ်ကြောင်း ယုံကြည်နေခဲ့တာပါ။

Arthas ဟာ icecrown အရောက်မှာပဲ Illidan ရဲ့အင်အားတွေဖြစ်တဲ့ Vashj ရဲ့ nagaတွေ နဲ့ Kael ရဲ့ blood elf တွေကိုထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ Anub'arak's ရဲ့အကူအညီတွေနဲ့ Arthas ဟာ Illidan ရဲ့တပ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ Icecrown ရဲ့ တံခါးလေးပေါက်လုံးဟာ ပွင့်ဟလာခဲ့ပေမဲ့ Illidan က Frozen Throne ကိုဖျက်ဆီးဖို့အလျင်စလိုမကြိုးစားခဲ့ပဲ Arthas ကိုတိုက်ခိုက်ဖို့စောင့်နေခဲ့ပါတယ်။ 

Arthas က Illidan ကို Azeroth မှထွက်သွားဖို့ နဲ့ ဘယ်သောအခါမှပြန်မလာဖို့ ရာဇသံပေးရာ Illidan ဂရုမစိုက်ပဲ နှစ်ဦးချင်းရင်ဆိုင်ဖို့တောင်းဆိုပါတယ်။ ထို့နောက် နှစ်ဦးသားတိုက်ခိုက်ကြရာ Icecrown တစ်ခုလုံးအသံတိတ်ပြီး Duel ပွဲကို ရင်တထိတ်ထိတ်ဖြင့် မင်သက်၍ ကြည့်ရှု ကြလေသည်။ တစ်ကြိမ်မှာတော့ Arthas ရဲ့Frostmourne ဓားချက်ဟာ Illidan ရဲ့ရင်ဘက်ကိုခွဲထွက်သွားပါတော့တယ်။ . Illidan ဟာနှင်းထုပေါ်မှာ ပုံရက်သားလဲကြသွားခဲ့ပြီး Arthas ကတော့ ဂုဏ်ယူဝံ့ကြားစွာဖြင့် icecrown ရဲ့ gate ဘက်သို့ထွက်ခွာသွားပါတော့တယ်။

Lich King အထြစ်ခံယူခြင်း

Arthas တစ်ယောက် ရေခဲပလ္လင်ပေါ်တက်ရာလမ်းတစ်လျှောက်မှာတော့ သူ့ရဲ့အတွေးအာရုံတွေဟာထွေပြားချက်တွေရှိနေပါတယ်။ သူ့နားထဲမှာလဲ ခေါ်သံကဲ့သို့သောအသံမျိုးစုံကို ပဲ့တင်ထပ်နေအောင်ကြားနေရပါတယ်။ Muradin Bronzebeard ရဲ့ သူ့အပေါ်မကျေမနပ်ပြောဆိုနေသည့်အသံ ၊Uther ရဲ့ဆုံးမစကားအသံ တွေနဲ့ Jaina ရဲ့ အိမ်ပြန်ခဲ့ဖို့ခေါ်သံတွေကို ရှုပ်ထွေးစွာကြားနေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Forsaken အတွင်းစိတ်ဟာ သူ့ကိုဖုံးလွှမ်းထားပြီး နားထဲကြားနေသည့်အသံမျိုးစုံတို့ကို လျစ်လျူရှုကာ ထိပ်ဆုံးမှာရှိတဲ့ ရေခဲပြင်ပေါ် ကိုရောက်အောင်တက်ခဲ့ပါတယ်။ ရေခဲတွေဖုံးအုပ်နေတဲ့ ပလ္လင်ကြီးရှေ့အရောက်မှာတော့ ရှငိးလင်းပြတ်သားတဲ့ တီးတိုးစကားပြောသံတစ်ခုသာ ကြားလိုက်ရပါတယ် ထိုအသံကား Ner'zhul ရဲ့အသံပင်ဖြစ်ပါသည်။

"ဓားကိုပြန်ကောက်လိုက်စမ်းပါ Arthas...ဒီဟာကြီးကိုခွဲလိုက်စမ်းပါ ...ဒီအကျဉ်းထောင်ထဲကငါ့ကိုလွတ်အောင်လုပ်ပေးစမ်းပါ!"

Arthas က Frostmourne ကိုကိုင်မြှောက်ပြီး Lich King ကိုချုပ်နှောင်ထားတဲ့ ရေခဲထုကြီးကို ထိုးခွဲလိုက်ပါတော့တယ်။ Frozen Throne ဟာပေါက်ကွဲလွင့်ထွက်သွားပြီး ရေခဲအပိုင်းအစတွေဟာ ကြမ်းပြင်ထက်မှာပြန့်ကြဲလျက်ရှိပါတယ်။ Ner’zhul ရဲ့ခေါင်းစွပ်ဟာ Arthas ရဲ့ခြေထောက်ရှေ့ကိုရောက်လာပါတယ်။ Arthas ကခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး ကိုယ်အနည်းငယ်ယိမ်းကာ ထိုခေါင်းစွပ်ကို ကောက်ယူလိုက်လေသည်။ ထို့နောက် သူ၏ဦးခေါင်းပေါ်မှငြင်သာစွာ စွပ်လိုက်သည်ဆိုလျှင်ပဲ Ner'zhul ရဲ့စွမ်းအားတွေဟာ လျင်မြန်စွာ သူ၏ခန္ဓာကိုယ်ထဲသို့ဆီးဝင်သွားပါတော့တယ်။ သိပ်မကြာခင်ပဲ Ner'zhul ရဲ့အသံကြားလိုက်ရပါတယ်။ 

"အခုဆိုရင် မင်းနဲ့ငါတစ်ယောက်ထဲဖြစ်သွားပြီ Arthas!"

တစ်ချိန်ထဲမှာပဲ Ner'zhul နဲ့ Arthas ရဲ့ ဝိဥာဉ်ပူးပေါင်းသွားပြီး တစ်ခုတည်းသော စိတ်ဆန္ဒဖြစ်သွားပါတော့တယ်။ ထို့နောက် the new Lich King အဖြစ် သူရဲ့အာဏာစက်ကို Azeroth သိအောင်ကြွေးကြော်ပါတော့တယ်

သေဆုံးခြင်း

Arthas ဟာ Azeroth ကိုသိမ်းပိုက်မဲ့ သူရဲ့ plan အောင်မြင်လုနီးပါးမှာပဲ Tirion Fordring နဲ့ adventure တွေဟာ Alliance နဲ့ Horde ပူးပေါင်းပါဝင်တဲ့ Ashen Verdict အဖွဲ့ကိုဦးဆောင်ပြီး Arthas ရဲ့ Icecrown Citadel ကိုလုပ်ကြံခဲ့ကြပါတယ်။ 

ဂူဗိမ္မာန်

Arthas ရဲ့သင်္ချိုင်းဟာ မည်သည့်နေရာမှာရယ်လို့ blizzard ကတရားဝင်သတ်မှတ်မထားခဲ့ပါဘူး ဒါပေမဲ့ Stormwind သင်္ချိုင်းထဲက ကြီးမားလှတဲ့ ဂူဗိမ္မာန်ကြီးဟာ Arthas ရဲ့ အုတ်ဂူဖြစ်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင်ထိုအုတ်ဂူပေါ်မှာကပ်နှိပ်ထားတဲ့ Lordaeron တံဆိပ်ဟာ ထိုယုံကြည့်ချက်ကိုပိုခိုင်မာစေပါတယ်။

လူဆိုးကြီး Arthas ကိုအောက်မေ့သတိရသူတစ်ယောက်ကခရမ်းရောင်ပန်းပွင့်တစ်မျိုးကို "Arthas's Tears" ( Arthas ရဲ့မျက်ရည်) ဆိုပြီး အမည်ပေးခဲ့ပါသေးတယ်။ ထိုတစ်ယောက်က jaina လား ဘယ်သူလားဆိုတာ ဘယ်သူမှမသိကြပါဘူး ထိုပန်းပွင့်များကို ရောနှောပြီး Alchemist တွေဟာ ရလာတဲ့ ပစ္စည်းကို "Gift of Arthas" ( Arthas ရဲ့လက်ဆောင်) လို့ခေါ်တွင်ကြပြန်ပါတယ်။

 

 

Credit Tin Aung Yin

Share this post


Link to post
Share on other sites

Create an account or sign in to comment

You need to be a member in order to leave a comment

Create an account

Sign up for a new account in our community. It's easy!

Register a new account

Sign in

Already have an account? Sign in here.

Sign In Now
Sign in to follow this  

×