Jump to content
Sign in to follow this  
Yinhtwe

Mage PvE ( for starter )

Recommended Posts

Mage

Mage ကစားမယ်ဆို Mage ဆိုတာ ဘယ်လို Class မျိုးလည်း သိထားသင့်တယ်။ Mage ဆိုတာ Top Dps class တစ်ခုပါ။ PvE ကစားမယ်ဆို Talent သုံးမျိုးလုံး သူ့နေရာနဲ့သူ အသုံးဝင်ပေမယ့် DPS သီးသန့်အတွက်ဆိုရင်တော့ Fire က တစ်ခြားသော Frost နဲ့ Arcane ထက် DPS ပိုများအောင် ပေးနိုင်ပါတယ်။ Frost Mage ကတော့ CC ( Crowd Control ) အတွက် အကောင်းဆုံးဖြစ်ပြီး Arcane Mage ကတော့ Flexible ကျပြီး DPS လည်း လှလှပပ ပေးနိုင်တဲ့ Talent လို့ မှတ်ချက်ချနိုင်ပါတယ်။

 

ကျတော့်ရဲ့ ယူဆချက်အရတော့ Mage ကို Starter gear မှာ Arcane နဲ့သာ ကစားဖို့အကြံပြု တိုက်တွန်းလိုပါတယ်။ Rotation လည်း Simple ဖြစ်တဲ့အပြင် Item လိုအပ်ချက် တွေ Stats လိုအပ်ချက်တွေ သိပ်မရှိတဲ့အတွက် ရှိတာလေးနဲ့ လှပအောင် ကစားနိုင်လို့ပါပဲ။ Talent tree ကိုတော့ ပုံနဲ့ဖော်ပြပေးထားပါတယ်။ Arcane Stability ကို အပြည့်မယူထားတာကတော့ ကိုယ်ပါဝင်ကစားရမယ့် Raid ရဲ့ composition အပေါ်မူတည်လို့ပါပဲ။ တကယ်လို့ သင့်ရဲ့ Raid မှာ Holydin သို့မဟုတ် Paladin တစ်ယောက်ယောက်က Concentration Aura ကို သုံးပေးမယ်ဆို Arcane Stability 3 point ပဲ ယူလို့ရပါတယ်။ မဟုတ်ရင်တော့ 5 pts ယူပါ။Arcane Subtlety 1 point သာ ယူခြင်းကတော့ Low gear ဖြစ်တဲ့အတွက် dmg output ကလည်း အများကြီး မရှိသေးတဲ့အတွက်ကြောင့် ပါ။ Slow ဆိုတဲ့ Talent point ကို PvE မှာ ဘာကြောင့် ယူသလဲလို့မေးခွန်းတွေရှိပါတဟ်။Low gear ပဲဖြစ်ဖြစ် High gear ပဲဖြစ်ဖြစ် ကျတော်တို့ ဝင်နေတဲ့ Raid တွေ အဓိကအားဖြင့် ICC ဆိုပါတော့။ Boss encounter တစ်ခုမှာ Boss သီးသန့်ချရတာ ရှိသလို Adds တွေကို သတ်ရတဲ့ Boss encounter တွေရှိပါတယ်။ Adds တွေကို Handle လုပ်ဖို့အတွက် Slow က မဖြစ်မနေကို လိုအပ်တယ်ဆ်ုတာ အသုံးပြုရင်း သိလာပါလိမ့်မယ်။ 

Mana management

Arcane Mage တစ်ယောက်ရဲ့ အသက်ပါပဲ။ Arcane Mage ရဲ့ dmg ကျရခြင်းအကြောင်းက Mana ကိုmanage မလုပ်နိုင်တာပါပဲ။ Boss fight မစခင်ကတည်းက Mana Gem သုံးလုံးအပြည့်ဖြည့်ထားပါ။ တစ်လုံးသုံးရင် ဘယ်လောက်ပြန်ရလည်း ကြည့်ပါ။ ပြီးရင် အဲ့ပမာဏ လောက် Mana ကျပြီဆိုတာနဲ့ စ သုံးပါ။ ပြီးရင် Runic Mana potion လေးတွေလည်း တတ်နိုင်သမျှဆောင်ပါ။ မဖြစ်မနေ အခြေအနေမှာပဲသုံးပါ။ နောက်ပြီး Frost Talent tree ကယူထားတဲ့ Frost warding ဆိုတဲ့ Talent ကနေလည်း Mana ပြန်ရနိုင်ပါတယ်။Fire သို့ Frost spell သုံးတဲ့ Boss တွေမှာ Boss ကနေသုံးတဲ့ Spell ပေါ်မူတည်ပြီး Fire ward သို့ frost ward ကိုသုံးပါ။ အဲ့ကနေ absorb ပမာဏနဲ့ ညီမျှတဲ့ Mana ပြန်ရဖို့ 30% chance ရှိပါတဟ်။ ပြီးတော့ ပိုပြီးလည်း Survival ဖြစ်ပါလိမ့်မယ်။ 

Raid အပေါ် အကျိုးသက်ရောက်မှု

 Arcane Empowerment ကနေ 3% dmg increase buff ကို party နဲ့ Raid member တွေအကုန်ရရှိပါမယ်။ 

Focus Magic ကတော့ DPS caster အချင်းချင်း သို့မဟုတ် Overheal healer သို့မဟုတ် Disco တွေကိုပေးသင့်ပါတယ်။ spell crit 3% ပေါင်းပေးမှာဖြစ်ပါတယ်။

Slow ကတော့ ကျတော်အကြိုက်ဆုံး spell ပါပဲ။ Casting ဆွဲတဲ့ Adds တွေ ကို cast time ပိုကြာအောင်လုပ်ပေးနိုင်ပြီး Movement speed ကိုပါ 60% လျော့ချပေးလို့ Raid Tatic ကိုပါ အပြောင်းအလဲလုပ်ပေးနိုင်စွမ်းရှိတဲ့ spell လို့ ပြောနိုင်ပါတယ်။

Survival spell များနဲ့ Threat management

Blink တစ်ခုရှိတာနဲ့ Mage ကစားရတာဂုဏ်ယူတယ်လို့ စိတ်ထဲကလအလိုလို သတ်မှတ်လာမိလိမ့်မယ်။ ဘာကြောင့်လဲဆို Mage က တစ်ခြားသော class တွေနဲ့ယှဉ်တဲ့အခါ soft အဖြစ်ဆုံး class ပါပဲ။ ဒါပေမယ့် Boss fight တွေမှာ လွယ်လွယ်နဲ့ သေတဲ့ class တော့မဟူတ်ဘူး။ ဘာကြောင့်လဲဆိုတော့ Blink နဲ့ Boss spell တွေကို အလွဟ်တကူ ရှောင်ထွက်သွားနိုင်လို့ပါပဲ။

Ice block ကတော့ Mage player ရဲ့ talented ဖြစ်မှုအပေါ်မူတည်ပြီး အသုံးဝင်မယ့် Spell ပါ။ ဥပမာ အသက်ဘေးကလွတ်ဖို့ Ice block သုံးပြီး နေလိုက်ရတာ ရှိသလို။ Continuous dmg done ပေးဖို့သုံးရမဟ့်အခြေအနေတွေလည်းရှိပါတယ်။ ဥပမာ ပေးရရင် Sindy 2nd phase မှာ Unchain Magic အတင်ခံလိုက်ရတဲ့အခါ Ice Block သုံးပြီး Unchain Magic ကိုဖျောက်လိုက်လို့ရပါတယ်။ ဒါကြောင့် dmg ပိုပေးနိုင်ပါလိမ့်မယ်။

Mirror Image နဲ့ Invisibility ကိုတော့ Threat လျော့ဖို့အတွက် အဓိကထားသုံးပါတယ်။

 

Rotation 

opening ကတော့ အရေးကြီးပါတယ်။ ပြီးတော့ Know the condition နဲ့ Raid Tatic အရ bursting လုပ်ရမှာပါ။

Heroism နဲ့ ပေါင်းပြီး Arcane power နဲ့ icy vein  ကိုဖွင့်ကာ 4xblast and missile နဲ့ သွားရပါမယ်။ ပုံမှန်အချိန်မှာတော့ ကိုယ့် Raid ရဲ့ ပုံမှန် dps ကိုကြည့်ပြီး Boss Fight အချိန် ဘယ်လောက်ထိ ကြာနိုင်လည်းခန့်မှန်းထားရပါမယ်။LK encounter မှာတော့ Icy vein + trinket ( သင့်မှာ ဖွင့်ပစ်လို့ရတဲ့ trinket ရှိခဲ့ရင်) + arcane power ဖွင့်ထားတဲ့အချိန်လောက်ပဲ 4xblast +missile ကိုသုံးသင့်ပြီး တစ်ခြားအချိန်မှာတော့ 3xblast + missile သွားသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Gear ကွာဟ မှုအပေါ်မူတည်ပြီး 3xblast နဲ့ 4xblast က ပြောင်းနိုင်သလို ။ boss fight ကြာချိန်ပေါ်မူတည်ပြီး ပြောင်းနိုင်သလို ။ Raid ရဲ့ dps အနည်းအများပေါ်မူတည်ပြီးလည်းပြောင်းနိုင်ပါတဟ်။ဒါကတော့ Know the conditionပါ။ Rotation က ပုံသေမရှိပါဘူး။ 

 

အခုတော့ အချိန်မရလို့ ဒီလောက်ပဲ ရေးပေးန်ုင်ပါသေးတဟ်။ Stats Build တွေကိုတော့ နောက်မှ ထပ်ရေးပေးပါမယ်။

Screenshot_20181012_054553.png

Screenshot_20181012_054703.png

Share this post


Link to post
Share on other sites

Create an account or sign in to comment

You need to be a member in order to leave a comment

Create an account

Sign up for a new account in our community. It's easy!

Register a new account

Sign in

Already have an account? Sign in here.

Sign In Now
Sign in to follow this  

×