Jump to content

Recommended Posts

PVE Retribution Paladin Guide 

Tables and Contents

1.    Introduction

2.    Required Stats

3.    Gemming and Enchants

4.    Talents and Glyphs

5.    Spell Rotation

 

Introduction

          ကျနော်အခုစပြောမှာကတော့ Retribution အကြောင်းဖြစ်ပါတယ်။ အခု guide ကိုလဲ Retribution ကိုအခုမှစဆော့မယ့် ညီအစ်ကိုများအတွက်ရည်ရွယ်ပါတယ်ဗျ။ Retribution paladin အကြောင်းစမပြောခင် Paladin ဆိုတဲ့ class ဟာအားလုံးသိတဲ့အတိုင်း raid တိုင်းမှာမပါမဖြစ် class တစ်ခုလဲဖြစ်ပါတယ် (အနည်းဆုံးတော့ buff ပေးလို့ရအောင်ပါ :P)။ Paladin ဆိုတာ wotlk expansion မှာ Tank, Healer and DPS ရှိသမျှ role တွေကို မိမိစိတ်ကြိုက် ဆော့လို့ရတဲ့ class တစ်မျိုးဖြစ်ပါတယ်။

          အဲ့ထဲမှာမှ ကျနော် Retribution Paladin အကြောင်းကျနော်သိသလောက်ပြောပြပါရစေ။ အဓိက ကတော့ Retri Pally က raid တစ်ခု ရဲ့ dps class ပေါ့နော် 😛 ။ အဲ့တော့ တစ်ချို့ကပြောတယ်ဗျ wotlk မှာ Fury Warrior က damage အထွက်ဆုံး  တစ်ချို့ကလည်း Pally ကအထွက်ဆုံး ဘာညာပေါ့ ဗျာ။ ကျနော်ကတော့ Raid မှာ dps ပထမ ရဖို့ထက် ကိုယ်ဆော့တဲ့ class ရဲ့တာဝန်ကို ကိုယ့် raid အတွက် ကျေပွန်အောင်လုပ်စေချင်ပါတယ်ဗျ။ ကျနော်တို့ Retri pally ဆိုတာ damage သီးသန့် class တစ်ခုမဟုတ်ဖူး ဆိုတာ စိတ်ထဲမှာ အမြဲမှတ်ထားပါဗျ။ ဥပမာ ကျနော်တို့မှာ damage spell များအပြင် Lay On Hand, Hand of Protection, Hand of Freedom, Purify, Cleanse စတဲ့ မိမိ raid member များအတွက် survive ဖြစ်စေနိုင်တဲ့ spell တွေကို လိုအပ် ရင် လိုအပ်သလို မိမိကိုယ်ကို ဖြစ်စေ Raid member များကိုဖြစ်စေ အသုံးချစေချင်ပါတယ်။

          ကဲ ဒီလောက်ဆိုရင် ကျနော်တို့ရဲ့ Retribution Pally Introduction လေး ပြည့်စုံပြီလို့ထင်ပါတယ်။

 

Required Stats

          Retribution Pally တစ်ယောက်အတွက် လိုအပ်မယ့် stats တွေက အောက်မှာကြည့်ကြည့်ပါ

·         Hit Rating 264 (8%)

·         Expertise Rating 26

Hit rating 264 နဲ့ expertise 26 ကိုအများဆုံး ပဲထားပါ အဲ့လောက်ဆိုလုံလောက်ပါပြီ။ ဒီမှာတစ်ခုပြောချင်တာက အပေါ်က rating တွေက item level 264 ၀န်ကျင် ရှိတဲ့သူတွေအတွက်ကြည့်စရာကိုမလိုပါဘူး ဘာလို့လဲဆိုတော့ အဲ့ item တွေမှာ hit တွေ expertise တွေ ပေါပေါလောလော ကိုပါလို့ပါ။ အဲ့တော့ ဒီ stats တွေက end  gear နားရောက်ခါနီးရင် ကြည့်ဖို့လိုလာပါပြီ 277 Accessores တွေပြည့်ပြီ Sanctified တွေလဲ စုံပြီ 284 တွေပါ ရပြီဆိုရင် ကြည့်ကြည့်ပါ Hit တွေ Expertise တွေ က အပေါ်မှာပြထားသလောက်ကိုမရှိတော့တာတွေ့ရပါလိမ့်မယ် အဲ့ကျရင် ကျနော်တို့က Gem နဲ့ လိုအပ်တဲ့ stats တွေရအောင်ပြန်ဖြည့်ရပါတယ်။ Hit နဲ့ expertise ကိုလိုသလောက်မရှိရင် dps ကထွက်သင့်သလောက်ကိုထွက်မှာမဟုတ်ပါဘူး။ အဲ့လောက်ဆို pally ရဲ့ stats အကြောင်း နားလည်လောက်မယ်ထင်ပါတယ်ဗျ။

 

Gemming and Enchants

          ကျန်တော်တို့ လိုအပ်မယ့် stats အကြောင်းလဲပြောပြီးပြီဆိုတော့ Gemming အကြောင်းကိုပြောပေးပါမယ်။ အဲ့တော့ Gemming အကြောင်းမပြောခင်မှာ Paladin တစ်ယောက်ရဲ့ Attribute Priority အကြောင်းရှင်းပြချင်ပါတယ်။ Pally တစ်ယောက်မှာ ဦးစားပေးထည့်ရမယ့် Attributes တွေကတော့

·         Hit Rating

·         Expertise

·         Strength

·         Critical

·         Agility

·         Haste

·         Armor Penetration

တို့ဖြစ်ပါတယ်။ Hit နဲ့ Expertise ကိုပထမ ၂ နေရာဘာလို့ပေးလဲဆိုတော့ ခုနကပြောတဲ့အတိုင်းပါပဲ အဲ့ ၂ ခု ကို လိုအပ်တဲ့ rating ထိမရှိရင် dps ကျနိုင်လို့ပါ။

 

Strength

     Strength က Retri Pally ရဲ့ အဓိက stats ဆိုလဲမမှားပါဘူး။ Strength 1 point ဟာ 2 attack power နဲ့ညီမျှသလို Pally ရဲ့ အခြား Talent နဲ့ Spell တွေရဲ့ အကျိုးသက်ရောက်မှုတွေဟာ Strength ပေါ်မှာ လည်းမူတည်ပါတယ်

 

Critical     

     Critical အကြောင်းတော့အသေးစိတ်မရှင်းတော့ပါဘူး အားလုံးလဲသိကြမယ်လို့ထင်ပါတယ် 😛

 

Agility

     ဒီမှာတစ်ခုပြောချင်တာက Agility က dota ထဲကလိုမျိုး Attack speed မပေးပါဘူး။ Agility များလေလေ Crit  ထိဖို့ rate ပိုများလေပါ။ ပြီးတော့ Agility က Paladin class အတွက် Attack power မပေးပါဘူး။ အဲ့တာကြောင့်လဲ Strength နဲ့ Crit အောက်မှာ ထားခြင်းဖြစ်ပါတယ်။

 

Haste

     WOTLK expansion မှာ Haste Rating ကို melee, range နဲ့ casting speed ဆိုပြီးခွဲမထားပါဘူး အဲ့တော့ Haste များလေ Attack speed နဲ့ casting speed များလေပါ။

 

Armor Penetration

     Pally ရဲ့ main damage က melee physical damage မဟုတ်တဲ့အတွက် Armor Pen ကိုအောက်ဆုံးမှာထားထားပေးတာပါ။

 

     အဲ့တော့ ကျနော်တို့စဉ်းစားရမှာက Gem ထည့်တဲ့အခါ Socket Bonus ယူပြီး အရောင်အလိုက် ထည့်မှာ လား? သို့မဟုတ် Meta Gem Effect ၀င်ရုံလောက်ပဲ ထည့်ပြီး ကျန်တာကို all strength ထည့်မှာလားဆိုတာပါ။  ကျနော် ကတော့ ဒုတိယ တစ်ခုကို သုံးပါတယ် 😄 ။ ဒါကတော့ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်ဗျ။

     Socket Bonus ယူမယ့်သူများအတွက် ကတော့ 

Red နေရာမှာ 20 Strength

Yellow နေရာမှာ Strength + crit

Blue နေရာမှာ Strength + stamina

Meta နေရာမှာ +21 Crit Rating + 3% increased crit damage

     ကိုအဆင်ပြေသလိုထည့်နိုင်ပါတယ်။

     Meta effect ပဲယူပြီးကျန်တာ All strength ထည့်မယ့်သူတွေအတွက်ကတော့ Meta နေရာမှာ +21 agility and 3% Increased Crit damage သုံးပါ။ ဒီနေရာမှာဘာလို့ +21 crit rating မသုံးခိုင်းလဲဆိုတော့ အဲ့ကောင်က blue socket 2 ခုထည့်မှ Effect ၀င်မှာမလို့ပါ။ +21 Agility က 1 red, 1 yellow, 1 blue ပဲလိုတာဆိုတော့ အပေါ်မှာပြောခဲ့သလို Yellow တစ်လုံးအစား Strength+crit သုံး blue နေရာမှာ strength+stamina သုံးပြီး ကျန်တာ all strength ထည့်လို့ရပါပြီ။

 

     ပြီးတော့ Pally ရဲ့ pve အတွက် Enchant တွေက ရှင်းပါတယ်

- Head – Arcanum of Torment
- Shoulder – Greater Inscription of the Axe
- Cloak – Greater Speed or Major Agility
- Chest – Powerful Stats
- Bracers – Greater Assault
- Weapon – Berserking
- Gloves – Crusher or Precision
- Waist – Eternal Belt Buckle
- Legs – Icescale Leg Armor
- Boots – Greater Assault        

     ဒါတွေ က ကိုယ့်မှာ ဘာ pro skill မှ မရှိတဲ့သူတွေအတွက်ပါ။ pro skill တစ်ခုခုရှိတဲ့သူတွေဆိုရင် မိမိ ရဲ့ pro skill အလိုက် ထည့်နိုင်ပါတယ်။ ဥပမာ tailoring သမားဆို back မှာ Agility အစား Attack power buff ပေးတဲ့ enchant မျိုး ထည့်နိုင်ပါတယ်။ Weapon အတွက်ကတော့ Berserking ကအဆင်ပြေဆုံးပါ Armor လျော့ပေမယ့်  Raid မှာမိမိကို  heal မယ့် healer တွေရှိတာပဲကို 😛 တစ်ချို့က Crusader သုံးတတ်လို့ပြောပြတာပါ။

  

Talents and Glyphs        

          Retri pally ရဲ့ talent ကတော့အောက်ကအတိုင်းပါ 😄 ကျနော် ဒီ server မှာ ဆော့တာ 80 မပြည့်သေးလို့ online ပေါ်က ပုံပဲယူပေးလိုက်ပါတယ်။ Talent ပိုင်းကတော့ သိပ်ရှင်းပြစရာမလိုလောက်ဘူးထင်ပါတယ်။

 

 

 

Glyphs

          Pally အတွက် အဓိကလိုမယ့် Glyph ကတော့ Glyph of Judgment ပဲဖြစ်ပါတယ် နောက်ထပ် Glyph တွေကတော့ မိမိလိုအပ်သလိုသုံးနိုင်ပါတယ်။ နောက်နှစ်ခုအတွက်ကတော့ Glyph of Consecration > Glyph of Vegeance > Glyph of Exorcism စိတ်ကြိုက်သုံးပါ။ မိမိ သည် Item Level 264 လောက်ပဲရှိတယ် expertise ကလဲ လိုသလောက်ရှိတယ်ဆိုရင် Glyph of Seal of Vengeance သုံးစရာမလိုပါ မပြည့်ရင်တော့ သုံးရပါလိမ့်မယ်။ Minor Glyph အတွက်ကတော့ Glyph of Sense Undead ကအဓိကပါပဲ  ဘာလို့လဲဆိုတော့ ICC ထဲက boss တွေရော mobs တွေရောက Undead တွေများလို့ပါ  😄

 

Spell Rotation

ကျနော်တို့အပေါ်မှာ လိုမယ့် stats တွေ Gem တွေ ဘာညာပြောပြီးပြီဆိုတော့ spell rotation အကြောင်းပြောကြရအောင်။ ဟာ pally ပဲ 1 2 3 နဲ့လင်းတာနှိပ်ရင်ရတာပဲလို့တစ်ချို့ ကပြောပါလိမ့်မယ် မရဘူးမဟုတ်ပါဘူး ရပါတယ် ဒါပေမယ့် rotation လေးနဲ့ရိုက်ရင် ပိုပြီး dps က effective ဖြစ်တယ်လို့ပဲပြောပါရစေ။

Rotation မစခင် pally ရဲ့ spell တွေအကြောင်းအရင်ပြောကြရအောင်

 

Judgement of Light, Wisdom, Justice

          ဒါက pally ရဲ့ အဓိက spell ပါ။ Judgement of Light ချရင် သွေးပြန်တက်ပါတယ် ။ Wisdom ချရင် mana ပြန်တက်ပါတယ် ။ Justice ချရင် Enemy နှေးပါတယ် အကြမ်း အဲ့လိုပဲမှတ်ထားပေးပါ။ သူ့တို့အားလုံးရဲ့ damage ကအတူတူပါပဲ။ Judgement တစ်ခုသုံးရင် တစ်ခြား ၂ ခုပါ cool down လည်ပါတယ်။

 

Crusader Strike

          ဒီ spell ကတော့ ရန်သူကို မိမိ weapon ရဲ့ 86% damage ထိစေတာပါ။

Divine Storm

          ဒီ spell က မိမိ weapon ရဲ့ 110% ကို 8 yard အတွင်းက ရန်သူ ကိုထိစေပြီး မိမိ Ally တွေကို သွေးအနည်းငယ်ဖြည့်ပေးပါတယ်။

 

 

Consecration

          ဒါကတော့ pally ရဲ့ ဘေးပတ်ပတ်လယ် မြေကြီးမှာ မီးခင်းသလိုမျိုးဖြစ်ပြီး AOE Damage ထိစေတာပါ။

 

Exorcism

          ဒါကတော့ ရန်သူကို Magic Damage ထိပါတယ်။ Single Target Spell ဖြစ် သလို Talent ထဲက Art of War effect မ၀င်ရင် Casting ဆွဲရပါတယ်။

 

Holy Wrath

          Pally ရဲ့ ဘေးပတ်ပတ်လယ်နားက undead and demon တွေကို damage ထိစေပြီး မူးစေပါတယ်။ boss တွေကတော့မမူးဘူးပေါ့ 😛

 

Hammer of Wrath

          Target တစ်ခု ရဲ့ သွေး 20% အောက်ရောက်မှ သုံးလို့ရတဲ့ spell ပါ။ Damage ကတော့ အလွတ်မရပါ spell book ထဲကြည့်ပါ 😛

 

Avenging Wrath

          Pally ရဲ့ damage done နဲ့ healing done ကို 20% တိုးပေးတာပါ။ ကျနော်တို့အခေါ်အတောာင်ပန်ဖွင့်တယ်ပေါ့ 😛

 

          ဒါတွေကတော့ ကျနော် သုံးလေ့ရှိတဲ့ retri pally ရဲ့ spell တွေဖြစ်ပါတယ်။ ကျနော့ rotation ကတော့

Hammer of Wrath > Judgement > Divine Storm > Crusader Strike > Consecration > Exorcism (The Art of War ၀င်မှသုံးပါ) > Holy Wrath

          အဲ့လိုရိုက်ပါတယ်  ဒီမှာပြောစရာရှိတာက မိမိ မှာ Sanctified 4 set ရှိတယ်ဆိုရင် Melee attack တိုင်းမှာ Divine storm cool down ကို reset ဖြစ်စေပါတယ် ။ Effect က 2 set မှာပေးတာလား 4 set မှပေးတာလားမမှတ်မိတော့လို့ပါ 😄 ။ အဲ့တော့ ရိုက်နေရင်း divine storm cooldown  reset ဖြစ်ရင် divine storm ကိုအရင် သုံးပါ ပြီးမှ ကျန်တဲ့ priority ရိုက်ပါ။ Boss သွေး 20% အောက်ရောက်လို့ Hammer of Wrath ပေါ်လာရင်တော့ Hammer of Wrath ကို cd ပြည့်တိုင်း အတတ်နိုင်ဆုံးရိုက်ပေးပါ။ Avenging Wrath ကိုတော့ စစချင်းလဲ သုံးနှိုင်သလို Hammer of Wrath ပေါ်လာမှ သုံးချင်လဲ ရပါတယ်။

          နောက်ပြီး Pally ရဲ့ Seal တွေအကြောင်းပြောပြ ပေးပါမယ် [Seal of Righteousness] ဒါက Single Target အတွက် Burst damage ပေးပါတယ်။ နောက်တစ်ခုက Seal of Vegence အဲ့ကောင်ကတော့ damage over time (DOT) spell ပါ Stack 5 ခုအထိ တက်ပါတယ်။ Seal of Righteousness နဲ့ ယှဉ်ရင် သူ့ရဲ့ DOT effect က ပို damage ထွက်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ Talent က ရတဲ့ Seal of Command ပါ သူကတော့ Seal of Righteousness လိုပါပဲ ဒါပေမယ့် သူက နောက်ထပ် Target 2 ခုကိုပါ damage ပေးပါတယ်။

          အဲ့တော့ ဘယ် Seal ကိုဘယ် နေရာမှာ သုံးသင့်သလဲ ပြောပေးပါ့မယ်။ Single Target ပဲရိုက်ရတဲ့ boss မျိုးဆိုရင် Seal of Vegence နဲ့ ရိုက်ပါ ။ Seal of Vegence stack 5 ခုထိပြည့်သွားရင် လက်မြန်ရင် မြန်သလို Seal of Righteousness ပြောင်းပြီး boss မှာ Seal of Vegence effect မပျောက်ခင်အထိရိုက်ပါ။ Boss မှာ Seal of Vegence effect ပျောက်သွားလို့ stack 1 ကပြန်စရရင် မိမိ dps အရမ်းကျသွားပါလိမ့်မယ်။ ပြီးတော့ LK လို creep တွေအများကြီး summon တဲ့  boss မျိုးဆိုရင် Seal of Vegence ကနေ Seal of Righteousness အစား Seal of Command ပြောင်းရိုက်ပါ။ Creep အများကြီး summon တဲ့ boss မျိုးမှာ AOE များများသုံးနိုင်တဲ့ သူက  recount မှာ အပေါ်ကိုမြန်မြန်ရောက်စေပါတယ်နော် 😛

          ကဲအပေါ်ကတော့ damage spell တွေအကြောင်း နဲ့ rotation ဖြစ်ပါတယ် အဲ့အပြင် raid မှာလိုရင်လိုသလို Lay on Hand တို့ Hand of Freedom တို့ Hand of Protection တို့ကိုလဲ သုံးပေးရင်ပိုကောင်းပါတယ်ဗျ။ အော်နောက်ပြီးမေ့တော့မလို့ retri paladin တွေမှာ Righteous Fury ဆိုတဲ့ Spell ကိုပိတ်ပေးပါနော် ဒါကမသိသေးတဲ့သူတွေအတွက်ပါ။ အဲ့ ဟာကြီး သုံးထားရင် မိမိ Raid ရဲ့ Tank Threat မနိုင်ပဲဖြစ်ပါလိမ့်မယ်။ အောက်မှာပုံနဲ့ပါပြထားပါတယ် မပိတ်တတ်ရင် အဲ့ပုံကို Right Click ထောက်လိုက်ပါ ပျောက်သွားပါလိမ့်မယ် :3 ။

 

          အဲ့လောက်ဆိုရင် တော့ retri pally အကြောင်းသိသင့်သလောက်သိကြလိမ့်မယ်လို့ထင်ပါတယ်ဗျ။ စာလဲတော်တော်ရှည်သွားပြီ 😄 ဒီတိုင်းလက်တန်းရေး  တဲ့  guide  ဖြစ်တဲ့အတွက်  လိုတာလေးတွေလဲရှိပါလိမ့်မယ်ခင်ဗျ စာလုံးပေါင်းလေးတွေ လဲလွဲချင်လွဲပါလိမ့်မယ်ခင်ဗျ အဲ့အတွက်တော့နည်းနည်း သည်းခံပေးကြပါလို့ပြောရင်း အားလုံးကြမ်းနိုင်ကြပါစေဗျာ။

         

           

 

Untitled.png

retribution-paladin-talent-tree-wow-3.3.5a.jpg

Edited by Chit Phyo Aung

Share this post


Link to post
Share on other sites

Create an account or sign in to comment

You need to be a member in order to leave a comment

Create an account

Sign up for a new account in our community. It's easy!

Register a new account

Sign in

Already have an account? Sign in here.

Sign In Now

×